စိုးပြည့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အားလုံးက ချစ်ခင်နေကြသူလေးပါ..။

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းပြီး အနေအေးတဲ့ ပုံရိပ်လေးတွေနဲ့ အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာလေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေပါနော်..။

Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook

အခုတစ်ခါမှာလေး စိုးပြည့်လေးတစ်ယောက် ထော်လာဂျီမောင်းပြီး ကလေးလေးတစ်ယောက်လို ပျော်နေပြီး ဟန်ဆောင်မှုတွေမရှိပဲ ချစ်ဖို့ကောင်းလွန်းနေပြန်ပါတယ်နော်..။

"အားလုံးတက်ကြ..ငါ့ထော်လာဂျီ.." ဆိုပြီး ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook

ထော်လာဂျီလေးမောင်းပြီး ပျော်နေတာလေးကိုက တကယ်ကို ကလေးတစ်ယောက်ရဲ့ လွတ်လပ်ပျော်ရွှင်မှုမျိုးတွေနဲ့ စိုးပြည့်လေးက ချစ်ဖို့ကောင်းနေတာပါနော်..။

ချစ်စရာကောင်းလွန်းတဲ့ စိုးပြည့်လေးရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Soe Pyae Thazin's Facebook
Photo Credit - Soe Pyae Thazin's Facebook

Photo Credit - Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။