သရုပ်ဆောင် မင်းသမီးချောလေး မအေးသောင်းကတော့ တစ်ခေတ်တစ်ချိန်ကတည်းက ပရိသတ်တွေကြားမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းအဖြစ်ကနေ လက်ရှိမှာ မအေးသောင်းအဖြစ် ပိုမိုအောင်မြင်စွာ ရပ်တည်လာခဲ့တဲ့ မအေးသောင်းကတော့ ယောက်ျားလေး၊မိန်းကလေး ပရိသတ်တွေအားလုံးချစ်ရတဲ့ ပရိသတ်အချစ်တော်လေးပဲ ဖြစ်ပါတယ်။

Photo Credit- Aye Thaung 's FB
Photo Credit- Aye Thaung 's FB
Photo Credit- Aye Thaung 's FB

အသက် (၃၀) ကျော်အရွယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မအေးသောင်းက တစ်နေ့တစ်ခြား ပိုပိုပြီး လှသထက်လှလို့နေတဲ့ မိန်းမလှလေးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေကြော်ငြာတွေ မရပ်မနားရိုက်ကူးနေတဲ့ မအေးသောင်းတစ်ယောက် မကြာခဏဆိုသလိုလည်း အပန်းဖြေခရီးထွက်နေလေ့ရှိပါတယ်။ အခုလည်း မအေးသောင်းက ပုဂံကိုအလည်သွားပြီး မိုးပျံပူဖောင်းကြီးစီးဖြစ်ခဲ့ပါတယ်။

Photo Credit- Aye Thaung 's FB
Photo Credit- Aye Thaung 's FB
Photo Credit- Aye Thaung 's FB

မအေးသောင်းက ''ချစ်သော ပုဂံမြေရဲ့မနက်ခင်းတခု အိမ်မက်တစ်ခု အကောင်အထည်ပေါ်ခဲ့ပြီလေ Thank you Sayar Aung Kyaw and Ballons of Bagan '' ဆိုပြီး သူမရဲ့အပျော်တွေကို မျှဝေထားတာ ဖြစ်ပါတယ်။ မအေးသောင်းက မိုးပျံပူဖောင်းကြီးစီးပြီး ပုဂံမြေရဲ့မနက်ခင်းအလှတရားတွေကို ရှုစားခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မအေးသောင်းရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Aye Thaung 's FB 

Photo Credit- Aye Thaung 's FB
Photo Credit- Aye Thaung 's FB
Photo Credit- Aye Thaung 's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။