ပရိသတ်ကြီးရေ တေးသံရှင်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကတော့ ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ချမ်းချမ်းရဲ့ အသံချိုချိုလေးတွေနဲ့ သီဆိုထားတဲ့ တေးသီချင်းတွေဟာဆိုရင် အခုချိန်ထိ မရိုးသွားဘဲနားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်နော်။ချမ်းချမ်းက အခုချိန်ထိလည်း အနုပညာအလုပ်တွေ‌လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

Photo Credit:Chan Nyein's Facebook
Photo Credit:Chan Nyein's Facebook

သမီးချောလေးတစ်ယောက်ကို မွေးဖွားထားတဲ့ ချမ်းချမ်းကတော့ သမီးလေးကို သေသေချာချာပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။ချမ်းချမ်းရဲ့သမီးလေးကလည်း မေမေနဲ့တစ်ပုံစံတည်းတူပြီး ဆံပင်ကောက်ကောက်လေး‌တွေနဲ့ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးပါနော်။အခုဆိုရင်တော့ ချမ်းချမ်းတို့တွေက ချစ်ရတဲ့မိခင်ကို သီတင်းကျွတ်အခါသမယလေးမှာ ကန်တော့ခဲ့ကြတာဖြစ်ပြီး မိခင်ရဲ့အကြောင်းလေးတွေကို အခုလိုပဲပြောပြခဲ့ပါတယ်နော်။

Photo Credit:Chan Nyein's Facebook
Photo Credit:Chan Nyein's Facebook

"ဒီနေ့ အမေ့ကို ကန်တော့ဖြစ်တယ်...ဘဝမှာကိုယ့်ကိုမွေးပေးခဲ့တဲ့အချိန်ကစပြီး..ကိုယ်မိခင်ဘဝပြန်ရောက်တဲ့အချိန်အထိ အမြဲတမ်းကာကွယ်ကုညီစောင့်ရှောက်ပေးခဲ့တဲ့အမေ...မြေးတွေအတွက်အမြဲမညီးညူပဲ သားသမီးတွေကိုမိန်းမကောင်းပညာတတ်တွေဖြစ်အောင် သင်ပေးတဲ့အမေ..ပကာသနမမက်တဲ့အမေ..နားကပ်ဝယ်ပေးရင်တောင် ပြန်လှူတန်းတတ်တဲ့အမေ..အသက်ရာကျော်ရှည်ပါစေ..တောင်ကြီးအပြန်အမေကြိုက်တဲ့အစားအစာတေနဲ့ ငွေသားကန်တော့ခဲ့တယ်..အဖေအိမ်မှာဒီနေ့မရှိလို့ မနက်ဖြန် မှပြန်လာကန်တော့မယ်နော် အဖေ..မနေနေကိုလဲ ကန်တော့ခဲ့တယ်..ကျမချစ်ရသောတူတူမများနဲ့ပျော်ခဲ့ရတယ်"လို့ရေးသားကာ ပုံရိပ်လေးတွေမျှဝေပေးခဲ့ပါတယ်နော်။

Photo Credit:Chan Nyein's Facebook
Photo Credit:Chan Nyein's Facebook

Photo Credit:Chan Nyein's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။