ပရိသတ်ကြီးကို ဒီတစ်ခါ တင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ ပြင်သစ်နိုင်ငံ "Chauvet" (ချောဗေး)လိုဏ်ဂူအတွင်းရှိ ရှေးကျသော နံရံပန်းချီရုပ်များအကြောင်းပဲဖြစ်ပါတယ်...။ ဤကမ္ဘာပေါ်တွင် နေထိုင်ခဲ့ကြသော ရှေးဦးလူသားတို့၏ ရုပ်ကြွင်းများ၊ အသုံးဆောင်များ၊ အနုလက်ရာများ၊ လက်နက်များ၊ ရေးဆွဲခဲ့သော နံရံပန်းချီပုံများကို ရှေးဟောင်းသုတေသနပညာရှင်များ၏ စူးစမ်းလေ့လာမှုများကြောင့် ရှာဖွေတွေ့ရှိခဲ့ကြပါတယ်...။ ရှာဖွေတွေ့ရှိခဲ့ကြသော အနုပညာလက်ရာမြောက် ဂူနံရံဆေးရေး ပန်းချီများထဲတွင် "Chauvet"လိုဏ်ဂူရှိ ပန်းချီပုံများကို ကမ္ဘာအနှံ့ရှိလူများ စိတ်ဝင်စားလျက်ရှိပါတယ်...။

photo credit pngtree

ပြင်သစ်နိုင်ငံတောင်ပိုင်း "Chauvet" လိုဏ်ဂူများတွင် ကမ္ဘာ့ရှေးဦး သမိုင်းမတင်မီခေတ်က လူသားတို့ ရေးဆွဲခဲ့ကြသော နံရံပန်းချီ ရုပ်ပုံများကို တွေ့ရှိရပါတယ်...။ လိုဏ်ဂူအတွင်းမှရုပ်ပုံများကို ရေဒီယိုကာဗွန် ဓာတ်ခွဲခြင်းဖြင့် သက်တမ်း တွက်ချက်ကြည့်တဲ့အခါမှာ နှစ်ပေါင်း ၃၂၀၀၀ ခန့်မျှရှိသည်ကို တွေ့ရှိခဲ့ရပါတယ်...။

photo credit pngtree

အဆိုပါ လိုဏ်ဂူကို ၁၉၉၄ ခုနှစ်တွင် ချောဗေး ( Jean-Marie Chauvet) ဦးဆောင်သော လိုဏ်ဂူပညာရှင်အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်...။ လိုဏ်ဂူနံရံတွင် ရှေးဆင်ရိုင်း၊ မြင်းများ၊ခြင်္သေ့များ၊ ဝက်ဝံများ၊ကြံ့ပုံများရေးဆွဲထားပြီး ပြင်ညီတစ်ခုပေါ်မှာပင် အကောင်မျိုးစုံကို ရှင်းလင်း စွာမြင်နိုင်သော အဝေးအနီးမြင်စံနစ်ဖြင့် ခေတ်မီနည်းပညာကို သုံးစွဲထားသည်ကို တွေ့ရှိရပါတယ်...။ 

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။