screenshoot of Jack Chen Twitter

Sumail ကတော့ Ti 9 အပြီးမှာ သူ့ရဲ့ဘဝလို့တောင်ပြောလို့ရတဲ့ Evil Geniuses Dota 2 team ကနေ သူပိုင်ဆိုင်တဲ့ ရှယ်ယာ တချို့တဝက်ကိုပါရောင်းပြီး ထွက်ခွာခဲ့ပြီး အကိုဖြစ်သူ Yawar နဲ့အတူ အသင်းသစ်ဖွဲ့စည်းပြီး Quincy Crew ဆိုတဲ့ နာမည်နဲ့ DPC season ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့် လိုအပ်ချက်တွေများစွာရှိနေတဲ့ Quincy Crew ဟာ ပထမဆုံး major ဖြစ်တဲ့ MDL Chengdu Major ကိုတောင် qualified မဖြစ်ခဲ့ပါဘူး။

နောက်ထပ် Dota Summit 11 qualifier ကိုထပ်မံဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် Quincy Crew ဟာအားရစရာကောင်းလောက်တဲ့ အခြေအနေမှာ ရှိမနေခဲ့ပါဘူး။

ဒါ့ကြောင့် Sumail ကတော့ ဖွဲ့စည်းထားတာ တလမပြည့်သေးသလို လိုအပ်ချက်တွေများစွာရှိနေတဲ့ Quincy Crew ကနေ ထွက်ခွာခဲ့ပြီပဲ ဖြစ်ပါတယ်။

Sumail အနေနဲ့ ဘယ် Region က အသင်းကြီးတသင်းကိုရောက်သွားမလဲ ဘယ်သူတွေနဲ့ ပြန်ပေါ်လာမလဲဆိုတာက အရမ်းစိတ်ဝင်စားစရာကောင်းနေပါတယ်။

ပြောက်ချက်သားကောင်းနေတဲ့ Kuroky တို့တသိုက်နဲ့သာ ပြန်ပေါ်လာမလား ဒါမှမဟုတ် အရင်လို king of mid ဘွဲ့ကိုပြန်ယူပြီး အသင်းကြီးတသင်းရဲ့ mid player အဖြစ်ပြန်ပေါ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါပဲ။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။