ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် အလှမယ်မင်းသမီးချောလေး မိုးစက်ဝိုင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေအခိုင်အမာအပြင် ကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး နိုင်ငံခြားသူလေးတစ်ယောက်လို ဆွဲဆောင်မှုရှိရှိလှလွန်းသူလေးပါနော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး မိုးစက်ဝိုင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားပြီး အခုတစ်ခါမှာလည်း ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေအပြင် ထိုင်းနဲ့ ဂျပန်နိုင်ငံတွေက နာမည်ကျော်အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရိုက်ကူးတော့မှာ ဖြစ်ပါတယ်နော်..။

Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook

မိုးစက်လေးကတော့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်၊ အေးမြတ်သူ၊ နွယ်ဒါလီထွန်း တို့နှင့်အတူ ထိုင်းနိုင်ငံမှ အနုပညာရှင်များဖြစ်တဲ့ Ken Phuphoom pongpanu, Korn Kang, Smile Parada၊ ဂျပန်နိုင်ငံမှ မင်းသမီး Takei Emi တို့ ပါဝင် သရုပ်ဆောင်သွားမယ့် "ကောင်းကင်မရှိတဲ့ကြယ်" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်နော်..။

"ကောင်းကင်မရှိတဲ့ကြယ်" ရုပ်ရှင်ဇာတ်ကားကြီး ထူးခြားချက်လေးတွေကိုလည်း"ရှေးခေတ် ၁၉၄၀ ဝန်းကျင်ကိုရိုက်မှာ.. ပြီးတော့ ဇာတ်ကောင်တိုင်းက စိတ်ခံစားမူနဲ့ အခြေနေတွေခဏခဏပြောင်းနေတာ.. အကြိုက်ဆုံးကတော့ ဇာတ်ညွှန်း အရမ်းခိုင်ပါတယ်. ဖက်ပေါင်းစုံကနေ ဟာကွက်တွေကိုဖြည့်ပြီး စဉ်းစားရေးထားတဲ့ အတွက် အရမ်းကောင်းမဲ့ ကားလို့ လည်းပြောချင်ပါတယ်နော်.." ဆိုပြီးတော့လည်း မိုးစက်လေးက ဇာတ်ကားလေးအကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook

နိုဝင်ဘာလမှာ စတင်ရိုက်ကူးတော့မယ့် "ကောင်းကင်မရှိတဲ့ကြယ်" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေး အခမ်းအနားလေးကိုလည်း ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပြီး အမှတ်တရပုံရိပ်လေးတွေကိုလည်း မိုးစက်လေး ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

"ကောင်းကင်မရှိတဲ့ ကြယ်ဆိုတာ...ဘာကိုမှမက်မောလို့မဟုတ်ပဲပေးဆပ်နိုင်တဲ့ ကြယ်လေးတွေပေါ့. ကောင်းကင်မရှိတဲ့ အတွက်မလှပနိုင်ပေမဲ့ အစွမ်းကုန်ထွန်းလင်းကြတဲ့ ကြယ် လေးတွေပါပဲ..

မိုးစက်ကတော့ ဒီလာမဲ့ နိုဝင်ဘာမှာ ရိုက်ကူးရမဲ့ ရုပ်ရှင်ကားကြီးအတွက် အသကုန်ပြင်ဆင်နေပါတယ်..

အကောင်းဆုံးဖြစ်အောင်လည်း အားသွန်ခွန်စိုက်ပြီး ကြိုးစားနေတဲ့ ကောင်းကင်မရှိတဲ့ ကြယ်ကလေးတပွင့် ပါ.." ဆိုပြီး ရိုက်ကူးတော့မယ့် ရုပ်ရှင်အကြောင်းလေးပြောပြထားပြီး ချစ်ပရိသတ်တွေအတွက် အစွမ်းကုန်ကြိုးစားသွားမယ့်အကြောင်းလေးတွေကို မိုးစက်လေးက ပြောပြထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook
Photo Credit - Moeset Wine's Facebook

Photo Credit - Moeset Wine's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။