မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ ဗလတောင့်တောင့် Body နဲ့ ချောမောပြေပြစ်တဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုလူချောလေးတိုင်ရွန်က မိန်းကလေးပရိသတ်တွေ တော်တော်များများရဲ့ အားပေးဝန်းရံမှုကို အပြတ်အသတ်ရရှိထားတာပဲ ဖြစ်ပါတယ်။

Photo Credit -Tyron Bejay's FB
Photo Credit -Tyron Bejay's FB
Photo Credit -Tyron Bejay's FB

ကြော်ငြာ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ တိုင်ရွန်က အနုပညာလောကမှာ တစ်နေ့တစ်ခြား ပိုပိုပြီး နာမည်ရအောင်မြင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်ရွန်က မိဘနှစ်ပါးအပေါ်မှာ ကျေးဇူးသိတတ်ပြီး လိမ္မာတဲ့သားလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း တိုင်ရွန်က သီတင်းကျွတ်မှာ မိဘနှစ်ပါးကို အနုပညာကြေးတွေနဲ့ ကန်တော့ခဲ့ပါတယ်။

Photo Credit -Tyron Bejay's FB
Photo Credit -Tyron Bejay's FB

တိုင်ရွန်က သူကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးလေးတွေနဲ့ ဖေဖေ၊မေမေတို့ကို ကန်တော့ပြီး '' ခုလိုလေးအမြဲကျန်းကျန်းမာမာနဲ့ နေနိုင်ပါစေ '' ဆိုပြီး ဆုတောင်းထားတာ ဖြစ်ပါတယ်။ သားလေးတိုင်ရွန်ရဲ့ကျေးဇူးသိတတ်မှုကြောင့် ဖေဖေနဲ့မေမေကလည်း ပီတိတွေဖြစ်နေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တိုင်ရွန်တို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Tyron Bejay's FB 

Photo Credit -Tyron Bejay's FB
Photo Credit -Tyron Bejay's FB
Photo Credit -Tyron Bejay's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။