ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ထိုင်းဘုရင့်နန်းတော်(Grand Palace) အကြောင်းပဲဖြစ်ပါတယ်...။ ရှေးအခါက ဘုရင်တို့ စိုးစံခဲ့ကြတဲ့ အချို့သော စံအိမ် နန်းတော်များသည် ယခုအခါတွင် အသုံးပြုမှုမရှိကြသော်လည်း များစွာသောလူများ၏ စိတ်ဝင်တစားလာရောက် ကြည့်ရှုမှုတော့ရှိကြပါတယ်...။ အချို့သော စံအိမ်များသည်လည်း လက်ရှိ အုပ်စိုးသူတို့ နေထိုင် အသုံးပြုလျက် ရှိနေကြသေးပေရာ ထိုစံအိမ်များသည်လည်း အများပြည်သူတို့ စိတ်ဝင်စားရာ နေရာများဖြစ်ကြပါတယ်...။ ယင်းတို့အနက် "Grand Palace" နန်းတော်သည် ကြီးကျယ် ခမ်းနားလျက်ရှိပြီး စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်...။

photo credit pngtree

"Grand Palace" လို့ခေါ်တဲ့ ထိုင်း ဘုရင့်နန်းတော်အား ထိုင်းနိုင်ငံ၏ မြို့တော် တွန်ဘူရီမှ ဘန်ကောက်သို့ ပြောင်းရွှေ့ချိန် ၁၇၈၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်..။ ထိုနန်းတော်မှာပင် ထိုင်းဘုရင်များနန်းစိုက်ခဲ့ရာ ၁၉၄၆ ထိုင်းဘုရင် ဖြစ်သော အာနန္ဒ မဟီဒေါ (Anand Mahidol) ထူးဆန်းစွာ ကွယ်လွန်ခဲ့ချိန် အထိဖြစ်ပါတယ်...။

photo credit pngtree

ဘုရင် အာနန္ဒမဟီဒေါ ကွယ်လွန်ပြီးနောက် ထီးမွေနန်းမွေဆက်ခံသူ (မဟီဒေါ၏ညီဖြစ်သူ)ယခုလက်ရှိ ထိုင်းနိုင်ငံ၏ ဘုရင်ဘူမိဘော (Bhumibol Adulyadej) က ထိုင်းဘုရင့်နန်းတော်ကို ချိတြာလာဒ ( Chitralada) သို့ အပြီးပြောင်းရွှေ့ကာ နန်းစံခဲ့ပါတယ်...။ သို့သော်လည်း ထိုင်းဘုရင်အဆက်ဆက်တို့ နန်းစိုက်ခဲ့ရာ "Grand Palace" သည် ထိုင်းနိုင်ငံ၏ တရားဝင် နန်းတော်တစ်ခုအဖြစ် ယခုတိုင် ရပ်တည်လျက်ရှိပြီး တော်ဝင်အခမ်းအနားများကို လည်း ရံဖန်၊ ရံခါ ဆိုသလို ကျင်းပ လျက်ရှိနေပါသေးတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။