အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင် မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားသူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ဆွဲဆောင်မှုရှိပြီး ယောင်္ကျားပီသတဲ့ ဟန်ပန်တွေနဲ့ တိရိစ္ဆာန်လေးတွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ စိတ်ထားလေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကြား အမြဲရေပန်းစားနေပြီး ထိုင်းမလေးတွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို ပိုင်ဆိုင်ထားတာပါ..။

Photo Credit - Htet Paing Ye's Facebook
Photo Credit - Htet Paing Ye's Facebook
Photo Credit - Htet Paing Ye's Facebook

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ကတော့ ပြည်ပနိုင်ငံတွေမှာလည်း နာမည်ကျော်အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေကို အတူလုပ်ဆောင်နေပြီး သူ့ရဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသူလည်း ဖြစ်ပါတယ်..။

အခုတစ်ခါမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ လှပလွန်းတဲ့နေရာလေးတွေမှာဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို အလွမ်းပြေလေးမျှဝေထားပါသေးတယ်နော်..။

Photo Credit - Htet Paing Ye's Facebook
Photo Credit - Htet Paing Ye's Facebook
Photo Credit - Htet Paing Ye's Facebook

ညို့အားပြင်း ဆွဲဆောင်မှုရှိတဲ့ အမိုက်စားဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကတော့ ဘန်ကောက်မြို့ရဲ့ အလှတရားတွေကို ပိုပြီး ပြည့်စုံသွားစေတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

ပရိသတ်တွေရဲ့အချစ်တော် မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောလေး ပိုင်တံခွန်ကတော့ တစ်နေ့နဲ့ တစ်နေ့ မရိုးနိုင်အောင် အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို နေ့စဉ်ခြွေယူထားသူပဲ ဖြစ်ပါတယ်..။

Photo Credit - Htet Paing Ye's Facebook
Photo Credit - Htet Paing Ye's Facebook

Photo Credit - Htet Paing Ye's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။