ခေးကြီးလုလို့ အားလုံးကချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ မော်ဒယ်လုလုအောင်ကတော့ ပုရိသတွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ်။ Sexy ဆန်ဆန်ပုံရိပ်လေးတွေကြောင့် လူမှုကွန်ယက်စာမျက်နှာမှာ လူသိများအောင်မြင်လာခဲ့တဲ့ လုလုအောင်က ယနေ့အချိန်အထိလည်း ယောက်ျားလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှု ရရှိနေဆဲ ဖြစ်ပါတယ်။

Photo Credit -Lu Lu Aung's FB
Photo Credit -Lu Lu Aung's FB

သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ လုလုအောင်က ကလေးအမေလို့ မထင်ရက်လောက်အောင် နုပျိုလှပလွန်းသူလည်း ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတော့ လုလုအောင်တစ်ယောက် ပြည်တွင်းပြည်ပခရီးတွေထွက်နေပြီး လည်ပတ်ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ အခုလည်း ခေးကြီးလုက သူမရဲ့ပရိသတ်တွေအတွက် အလွမ်းပြေပုံရိပ်လေးတွေကို အသစ်တင်ထားပါတယ်။

Photo Credit -Lu Lu Aung's FB
Photo Credit -Lu Lu Aung's FB
Photo Credit -Lu Lu Aung's FB

လုလုအောင်က '' ဒီမြို့ငယ်လေးမာပဲ တူတူအိုမင်း သွားကြအောင် နော် မောင် '' ဆိုပြီး ပုံလေးတွေနဲ့အတူ စနောက်ကျီစယ်ထားတာလည်း တွေ့ရပါတယ်။ ခေးကြီးလုကတော့ လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ဆိုရင်လည်း ဆွဲဆောင်မှုအပြည့်ရှိပြီး အလှတွေပိုနေတတ်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လုလုအောင်ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Lu Lu Aung's FB 

Photo Credit -Lu Lu Aung's FB
Photo Credit -Lu Lu Aung's FB
Photo Credit -Lu Lu Aung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။