ပရိသတ်ကြီးကို ဒီတစ်ခါ တင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ "Lake Retba" လို့ခေါ်တဲ့ ပန်းရောင်ရေကန်ပဲဖြစ်ပါတယ်...။ ထိုရေကန်တစ်ကန်လုံးဟာ ပန်းရောင်သန်းနေပြီး မြင်သူတိုင်းရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်တာပါ...။ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေ သွားရောက်လည်ပတ်ချင် ဆုံးနေရာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်...။

Photo Credit Once A Glance Page

Australia နိုင်ငံမှ တောင်တွေပါတ်လည် ကာရံထားတဲ့ အလယ်မှာ ပန်းရောင်ရေကန်ကြီး တစ်ကန်ရှိပါတယ်...။ ၎င်းရေကန် ကိုအဝေးကကြည့်ရင် ပန်းရောင်ဖျော့ဖျော့ အရောင်ရှိပြီး ကမ်းခြေကကြည့်ရင် ပန်းရောင် ရင့်ရင့်အရောင်ရှိပါတယ်...။ ထိုရေကန်ကြီးကို သိပ္ပံပညာရှင်တွေကလည်း လေ့လာစမ်းသပ်ခဲ့ကြပါတယ်...။

Photo Credit Once A Glance Page

ဒီရေကန်ဟာ ဘာ့ကြောင့်ပန်းရောင် ပြောင်းလဲသွားသလဲ ဆိုတာတော့ တိတိကျကျ မသိရပေမယ့် ဖြစ်နိုင်ခြေရှိတာကတော့ အဏုဇီဝ ပိုးကောင် လေးတွေ ဖြစ်တဲ့ "Dunaliella" နှင့် "Halobacteria" ကထုတ်လွတ်တဲ့ ဇီဝ ဆိုးဆေး တစ်မျိုးကြောင့် ဖြစ်နိုင်ခြေရှိသည်ဟု သုံးသပ်ကြပါတယ်...။ ထိုပန်းရောင်ရေဟာ ခွက်နဲ့ ခက်ပြီး အပြင်မှာ ကြာရည်စွာ ထားလျှင်တောင် အခြားအရောင် တစ်မျိုးသို့ပြောင်းလဲသွားခြင်းမရှိပါဘူးနော်...။

source Once A Glance Page

Photo Credit pngtree

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။