ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းတွေကလည်း အပါအဝင်ပါပဲ..။

အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်ကြပေမယ့် ဟန်ဆောင်မှုမရှိပဲ ပွင့်လင်းမှုတွေကြောင့် ပရိသတ်တွေက အမြဲသဘောကျနေကြပြီး တစ်ယောက်ကို တစ်ယောက် အမြဲဆေးထိုးစနောက်နေကြတဲ့ BFF သူငယ်ချင်းတွေဆိုလည်း မမှားပါဘူး..။

Photo Credit - Kyaw Naing Oo's Facebook

အခုတစ်ခါမှာလည်း ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းနှစ်ယောက်ကတော့ လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ မင်္ဂလာမောင်နှံလေးတွေအဖြစ် မျက်နှာပြောင်ရင်း ကြော်ငြာဓာတ်ပုံလေးတွေ အတူရိုက်ကူးနေပြန်ပါတယ်နော်..။

လိုက်ဖက်ညီပြီး ချစ်စရာကောင်းလွန်းကြတဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ကတော့ အမြဲလိုလိုပျော်ပျော်နေတက်ကြသလို ရိုက်ကွင်းမှာလည်း မျက်နှာပြောင်ရင်း စနောက်နေကြတာပါ..။

Photo Credit - Kyaw Naing Oo's Facebook
Photo Credit - Kyaw Naing Oo's Facebook

ကြော်ငြာရိုက်ကွင်းပေါ်က အခွီဓာတ်ပုံလေးတွေကိုလည်း ကျော်ကျော်က ချစ်ပရိသတ်တွေကို ပြန်ဘည်မျှဝေလိုက်တာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျအချစ်ပိုက စနောက်ထားကြပါသေးတယ်နော်..။

"မကြာခင်သီတင်းကျွတ်တော့မယ်...မင်းနဲ့အတူ ဒွန့် ဒွန့် ဒွန့်.." ဆိုပြီး ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Kyaw Naing Oo's Facebook

Photo Credit - Kyaw Naing Oo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။