ဖီလာဒဲဖီးယားမှာရှိတဲ့ အနာဂတ်ဆိုတဲ့ စာသင်ကျောင်းလေးဟာ စာအပ်လုံးဝမသုံးတဲ့ ကမ္ဘာပေါ်က အထူးဆန်းဆုံးကျောင်းလေး တစ်ကျောင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းလေးကို တော့ ၂၀၁၆ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး စာအုပ်အစား ကွန်ပျူတာတွေကိုပဲ အသုံးပြုကြပါတယ်။ ဘယ်လောက်ထိ စာအုပ်ကို မသုံးဘူးလဲဆိုရင် သချာၤၤတွက်တာတောင်မှ မှတ်စုရေးတဲ့ ဆော့ဖ်ဝဲလ်ကိုသာ အသုံးပြုကြပါတယ်။

Photo Source: Pngtree
Photo Source: Pngtree

စာသင်ကြားတဲ့ ဆရာ၊ ဆရာမတွေကလည်း ရိုးရိုးကျောက်သင်ပုန်းနဲ့မြေဖြူအစား ကွန်ပျူတာစနစ်ကျောက်သင်ပုန်းတွေနဲ့ပဲ စာသင်ကြားကြတာဖြစ်ပါတယ်။ ဒီကျောင်ကြီးထဲမှာ ကျောင်သားတွေ ပစ္စည်းထာတဲ့ လော့ကာကအစ ကျောင်းသားကဒ်နဲ့ ဖွင့်ရတဲ့ ဒီဂျစ်တယ် လော့ကာတွေကိုထားပေးထားပါတယ်။ အနာဂတ်အမည်ရှိတဲ့ စာသင်ကျောင်းကြီးဟ အခုအချိန်မှာ တိုးတက်အောင်မြင်နေသော်လည်း အစပိုင်းမှာတော့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Source: Pngtree
Photo Source: Pngtree

ကျောင်းသားတွေဟာ အစောပိုင်းမှာ နည်းပညာနဲ့ ထိတွေ့မှုမှာ အသားမကျသေးသလို စာသင်ကြားတဲ့ ဆရာတွေကလည်း စာသင်ခန်းအတွင်း စာသင်ကြားရာမှာ အသုံးပြုရတဲ့ နည်းပညာနဲ့ ပက်သတ်ပြီး အခက်အခဲတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမျှွှာတော့ ကျောင်းသားရော ဆရာရော ပြောင်းလဲထားတဲ့ နည်းပညာ သင်ကြားရေးစနစ်မှာ အသားကျသွားပြီး ကျောင်းသားတွေဟာ သချာၤနဲ့ စာဖတ်စွမ်းရည်မှာ အမှတ်ပိုကောင်းလာကြတာကိုတွေ့ရပါတယ်။ အခုလို စာသင်ကြားရေး စနစ်ဟာ အနာဂတ်ပညာသင်ကြားရေးစနစ်ရဲ့ အကောင်းဆုံးသော လမ်းစ ဖြစ်ပြီး အရည်အချင်းပြည့်မှီတဲ့ ကလေးငယ်တွေကို ပိုမို မွေးထုတ်လာနိုင်မှာ လည်း ဖြစ်ပါတယ်။

Photo Source: Pngtree
Photo Source: Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။