ဂျာမနီနိုင်ငံ၊ ဗာဘာရီယာပြည်နယ်ရှိတဲ့ နော့ဒလင်ဂန် မြို့ ကို လွန်ခဲ့သည့် နှစ် ၁၄ ဒသမ ၅ သန်းက ကမ္ဘာမြေပြင်ကို ဥက္ကာ ပျံတစ်ခုက ဝင်တိုက်ရာမှ ကျန်နေရစ်ခဲ့သည့် ကျင်းကြီးအတွင်းတည်ဆောက်ထားသည့် မြို့ဟု ဆိုကြပာတယ်။ ဥရောပ အလယ် ခေတ်တွင် တည်ထောင်ခဲ့ပြီး ယင်းမြို့တွင် လူဦးရေ ၁၉၀၀၀ ဝန်းကျင်နေထိုင်လျက်ရှိပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

နော့ဒလင်ဂန် ၏ ဘူမိအနေအထားကိုသိပ္ပံပညာရှင်များက လေ့လာခဲ့ရာ ဥက္ကာပျံကြောင့်ဖြစ်ပေါ်ခဲ့သည့် ကျင်းကြီး တစ်ခုဖြစ်ကြောင်းတွေ့ရှိခဲ့ကြပာတယ်။ မူလက မီးတောင်သေ တစ်ခုဟု ယူဆထားခဲ့သည့် နော့ဒလင်ဂန် မြို့၏ တည်နေရ ာကို ၁၉၆၁ ခုနှစ်တွင် အမေရိကန်သိပ္ပံပညာရှင် ယူဂျင်းရူမိတ်ကာနှင့် အက်ဒွပ်ချောင်တို့က ဥက္ကာပျံတိုက်ခဲ့သည့် နေရာတစ်ခု ဖြစ်ကြောင်း ဖော်ထုတ်ခယပြသနိုင်ခဲ့ပာတယ်။ ။

Photo Source : Pngtree
Photo Source : Pngtree

၁၉၉၈ ခုနှစ်တွင် နော့ဒလင်ဂန်မြို့ နှစ် ၁၁၀၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့ပြီး ယနေ့အချိန်အထိ ကမ္ဘာတစ်ဝှမ်းမှ လာရောက်လည်ပတ်တဲ့ ခရီးသွားသူများ စုဝေးရာနေရာ တစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

Source :  မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။