Mobile Legends ထဲမှာ ပေါ်လာတဲ့ချိန်ကစပြီး ခုချိန်ထိ High Rank မှာ Ban ခံနေရတဲ့ Hero မလေးကတော့ Guinevere ပဲဖြစ်ပါတယ်။ သူမရဲ့ Skill တွေက ရန်သူတွေကို တော်တော်လေးဒုက္ခပေးပြီး တော်တော်လေးလဲတိုင်ပတ်စေတာမို့ သူမကို High Rank တွေမှာ Ban ကြပါတယ်။ ခုချိန်ထိ သူမကို High Rank မှာ ကိုင်ရတာ ခပ်ရှားရှားရယ်ပါပဲ။ အောက်မှာတော့ သူမရဲ့ Skill တွေကိုအနည်းငယ်ရှင်းပြလိုက်ပါတယ်။

Photo Credit: Screenshot from Mobile Legends Game

Skill 1ကတော့ ရန်သူကို စွမ်းအင်တစ်လုံးနဲ့ပစ်ပေါက်လိုက်တာဖြစ်ပြီးနှေးစေကာ Magic Damage ထိစေပါတယ်။ အဲ့အပြင်သူမ Skill အားလုံးရဲ့ CDကိုလဲ ၁စက္ကန့်လျော့ချပေးပါတယ်။ Skill 2ကတော့ သတ်မှတ်နေရာကို ခုန်လိုက်ကာ ရန်သူတွေကိုထိပါက ၁စက္ကန့်ကြာအောင် လေပေါ်မြောက်နေစပြီး အဲ့ချိန်မှာ သူမဟာ Skill အသစ်တစ်ခုကိုထပ်ရမှာဖြစ်ပါတယ်။ Ultiကတော့ ရန်သူတွေကို ၂စက္ကန့်ကြာအောင် သူမှော်စွမ်းလုံးတွေနဲ့ပတ်ပတ်လည်ကိုထိနေစေမှာပြီး လေပေါ်ရောက်သူတွေကို ၆ကြိမ်လောက်လေပေါ်ရောက်နေစေမှာဖြစ်ပြီး CC Effect အားလုံးကို Immune စေပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

Passiveကတော့ လေပေါ်မြောက်တဲ့သူတွေကို Damageပိုထိစေပါတယ်။ Basic Attackနဲ့ခုတ်ပါက မှော်စွမ်းအားတစ်ခုပြည့်ပြီး ရန်သူကို Magic Damageထိစေကာ ဆုံးရှုံးထားတဲ့သွေး ၈ရာခိုင်နှုန်းကို ပြန်ရပါတယ်။ Battle ဆိုင်ရင်တော့ Skill 2 သုံးပြီးရန်သူတွေကိုလေပေါ်မြောက်စေကာ Ulti ကိုသုံးပါ။ အဲ့ချိန်မှာတင် ရန်သူသွေးတွေက တော်တော်လေးကို လျော့နေပါပြီး။ အဲ့ချိန်မှာ Skill 2 ကိုထပ်နှိပ်ပြီး ရှေ့သွားကာ Skill 1 ပစ်ပြီး Basic Attack နဲ့ လိုက်ချပါ....အဆင်ပြေပါပြီ။ Emblem နဲ့ Item ကတော့ Global 1 ဆိကနေ ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။