Mobile Legends ထဲမှာဆိုရင်တော့ Heroတွေဟာဆိုရင် နာမည်ကြီး လူသိများတဲ့ Hero တွေပါသလို အာရှနိုင်ငံတစ်နိုင်ငံဆိက သမိုင်းတွင်တဲ့ သူရဲကောင်းတွေကိုလဲ ထည့်ပေးထားပါတယ်။ Zilong ဆိုရင် တရုတ်ပြည်မှာ မသိတဲ့သူမရှိသလို Lapu-Lapu ဆိုရင်လဲ ဖီလစ်ပိုင်မှာ မသိတဲ့သူမရှိပါဘူး။ အဲ့လိုပဲ မင်းစစ်သားဟာဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူမရှိပါဘူး။ ဒါပေမဲ့ လူကိုင်တာ နည်းကြပါတယ်....သို့သော် တခြားနိုင်ငံက သူတွေကတော့သူရဲ့ Ulti ကိုသဘောကျကြကာ ကိုင်ကြပါတယ်။  

Photo Credit: Screenshot from Mobile Legends Game

Skill 1 ကတော့ သူရဲ့လှံနဲ့ထိုးလိုက်မှာဖြစ်ပြီး လမ်းတောက်လျှောက်က သူတွေကို Damage ထိစေကာ လှံစွန်းနဲ့ထိတဲ့သူက Damageထိပြီး သူဆီဆွဲခေါ်ကာ ရန်သူကို Knock Back ဖြစ်စေပါတယ်။ Skill 2 ကတော့ သူရဲ့ဒိုင်းနဲ့အရှေ့ကို တိုက်ခိုက်လိုက်ကာပထမဆုံးရန်သူကို ၁ စက္ကန့်Stun စေမှာဖြစ်ပြီး ကျန်သူတွေကို Knock Back စေပါတယ်။ ရန်သူကို Damageလဲထိကာ သူကိုယ်တိုင်မှာလဲ Shiled တစ်ခုပေါ်လာပြီး လှုပ်ရှားနှုန်း ၂၀ရာခိုင်နှုန်းတိုးစေပာတယ်။ Ulti ကတော့ အရှေ့ကို အနည်းငယ်ခုန်လိုက်ပြီး အဝိုင်းပုံသံတစ်ခုကို စစ်သား၄ယောက်နဲအတူ ပေါ်လာစေမှာဖြစ်ပါတယ်။ အဲ့စစ်သားတွေက နေရာမရွေ့ပေးမဲ့ အတွင်းက သူတွေကိုတိုက်ခိုက်ကာ နောက်မှာတော့ အပြင်ကသူတွေကိုတိုက်ခိုက်ပါတယ်။ ကွင်းထဲမှာရှိတဲ့ မင်းစစ်သားကတော့ ခုခံမှုအား ၃၀ တိုးစေကာ ရန်သူတွေက ၂၀ရာခိုင်နှုန်း နှေးပြီး Blink Skill တွေသုံးမရပါဘူး။ 

Photo Credit: Screenshot from Mobile Legends Game

Passive ကတော့ အသင်းသားတစ်ယောက်ကရန်သူကိုသတ်ရင်သူကရွှေ၆၀ အပိုရမှာဖြစ်ပြီး သူကိုယ်တိုင်သတ်ရင်တော့ အသင်းသားတွေကို ရွှေ ၁၅ဆိပိုရစေပါတယ်။ Battle ဆိုင်ပြီဆိုရင် Ulti သုံးကာ စက်ဝိုင်းထဲကထွက်သွားတဲ့သူတွေကို Skill 1 သုံးပြီးခေါ်ကာ ရှိနေပြီးသား သူတွေကိုလဲ Skill 2 နဲ့ Stun ထားပါ။ သူရဲ့ Ultiက Blink Skill ပါတဲ့သူတွေကို ကြောင်နေစေတာမို့ အဆင်ပြေပါတယ်။ Global 1 ရဲ့ Item နဲ့ Emblem တွေကိုဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။