ယေရှုရဲ့ပုံပန်းသွင်ပြင်ဟာ အသားဖြူပြီး၊ ဆံပင်ရွှေဝါရောင်နဲ့ မျက်လုံးပြာပြာရှိသူရယ်လို့ ကိုးကွယ်သူတွေက ပုံဖော်ထားပေမယ့် တကယ်တမ်း သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ ပုံဖော်လိုက်တဲ့အခါမှာတော့ ကိုးကွယ်သူတွေ ယုံကြည်ထားတဲ့ အသွင်အပြင်နဲ့ လုံးလုံးမတူတာကို တွေ့ရမှာပါ။

ခရစ်ယာန်သမ္မာကျမ်းစာမှာ ယေရှူခရစ်တော်ရဲ့ ပုံပန်းသွင်ပြင်နဲ့ပတ်သတ်ပြီး သူဟာ လူတွေစိတ်ဝင်စား၊ အထူးနှစ်သက်မြတ်နိုးလောက်ရတဲ့ ပုံပန်းသွင်ပြင်မရှိရယ်လို့ရေးသားထားကြောင်း သတင်းရင်းမြစ်ကနေ ဦးစွာဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာအထောက်အထားတွေအရ သိပ္ပံပညာရှင်တစ်ဦးကနေ ခရစ်တော်ရဲ့မျက်နှာကို ပုံဖော်ခဲ့ရမှာတော့ ထွက်လာတဲ့သွင်ပြင်ဟာ အောက်ပါပုံအတိုင်းဖြစ်ပါတယ်။ 

ကိုးကွယ်သူတွေယုံကြည်ထားတဲ့ပုံနဲ့ ကွဲဲပြားတဲ့နေရာတွေကတော့ သိပ္ပံနည်းကျရှာထွက်လာတဲ့ သွင်ပြင်ဟာ ပိုပြီးညိုတဲ့အသားအရေ၊ နက်မှောင်တဲ့ဆံပင်၊မျက်လုံးညိုနက်နက်နဲ့ ကျယ်ပြီးထင်ရှားတဲ့ နှာတံကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ အဆိုပါပုံရိပ်ကိုဖော်ခဲ့သူပညာရှင်ဟာ သူယူခဲ့တဲ့အထောက်အထားတွေကို တစ်ခုစီရှင်းပြခဲ့ပါတယ်။

သူဟာ ယေရှုခရစ်မွေးဖွားလာတဲ့ ယုံကြည်ထားကြတဲ့ Israeli ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်း ဧရိယာတစ်ခုကနေ လူဦးခေါင်းခွံရိုးသုံးခုနဲ့အတူ Computerized X-ray နဲ့ ultresound techniques တွေသုံးပြီး ပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ ယေရှုဟာ အရှေ့အလယ်ပိုင်းဒေသမှာ မွေးဖွားလာတယ်လို့ပြောကြားထားတဲ့ အထောက်အထားတွေအရ သူဟာ အရှေ့အလယ်ပိုင်းဒေသက လူတွေရံ ပုံပန်းသွင်ပြင် မျိုးရိုးဗီဇကို ယူခဲ့တဲ့အခါမှာတော့ ဒီလိုမျက်နှာတော်ရှိတယ်လို့ ခန့်မှန်းပြီး အဖြေထွက်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ယုံကြည်သူတစ်ချို့ကတော့ ဒီအဖြေကိုလက်ခံဖို့ ငြင်းဆန်ခဲ့ပြီး သူတို့်ယုံကြည်ထားတဲ့ခရစ်တော်ပုံဟာ အသားဖြူပြီး၊ ဆံပင်အဝါရှိကာ၊ မျက်လုံးပြာပြာနဲ့ နှစ်လိုဖွယ်သွင်ပြင်ရှိသူဖြစ်တယ်လို့် လွတ်လပ်စွာသဘောထားကွဲလွဲလျက်ရှိကြပါတယ်။

Source : twentytwowords

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။