ML ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း Argus ဟာဆိုရင် သူရဲ့ Ultimate နဲ့ Battle ဆိုင်ရာမှာ တော်တော်ကို ကောင်းတဲ့ Hero တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူရဲ့ Ultimate ကို အချိန်ကိုက်ကိုက်နဲ့ စနစ်ကျကျသုံးတက်မှာသာ အဆင်ပြေစေမှာပါ။ Fighter ပိပိကိုင်လို့ကောင်းပြီး ခုတ်ချက်တွေက မြန်ဆန်တာမို့ ရန်သူကိုသတ်ရတာ မြန်ပါတယ်။ High rank တွေမှာ တစ်ခါတစ်လေ တွေ့ရတဲ့ Hero ပါပဲ။ Lower rank တွေမှာ ကိုင်လို့အဆင်ပြေပါတယ်။

Photo Credit: Screenshot from Mobile Legends Game

Skill 1 ကတော့ ကိုယ်သွားလိုရာနေရာကို ချိန်ပြီ Demonic Handကို အရှေ့ထုတ်လိုက်ကာ ရန်သူ Heroပဲဖြစ် Creepဖြစ်ဖြစ် မိခံရတဲ့သူက တစ်ချက်ရပ်သွားမှာဖြစ်ပြီး Argus ဟာလဲရန်သူနေရာကို ရောက်သွားပါလိမ့်မယ်။ နောက်တစ်ချက်ထပ်နှိပ်လိုက်ရင်တော့ သူဓားနဲ့ အရှေ့ကို ခုတ်လိုက်မှာဖြစ်ပါတယ်။ Skill 2 ကတော့ သူရဲ့ Demonic ဓားနဲ့အရှေ့ကိုအားပါးပါး ထိုးလိုက်တာပဲဖြစ်ပါတယ်။ ၈၀ရာခိုင်နှုန်းနှေးစေပြီး ၈စက္ကန့်ကြာကာ သူထိုးချက်ကြောင့် ၅စက္ကန့်ကြာ ရန်သူအောက်မှာ အမဲရောင်တွေကိုတွေ့ရမာပါ။ အဲ့အချိန်အတွက်း Argus ဟာ ရွှေ့လျားနှုန်းဟာ မြန်နေမှာဖြစ်ပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

Ultimateကတော့ Argus ဟာ Fallen Angel အဖြစ်ပြောင်းလဲသွားကာ ၅စက္ကန့်လောက် သူသွေးကုန်နေတာတောင် မသေတော့ပါဘူး။ အဲ့ချိန်မှာ သူဟာရန်သူတွေကို မြန်မြန်ဆန်ဆန်နဲ့ Damage ခပ်ကြမ်းကြမ်းခုတ်နိုင်ရင် သွေးတွေကိုပြန်ရမှာဖြစ်ပါတယ်။ Passiveကတော့ သူခုတ်သည်ဖြစ် အခုတ်ခံရသည်ဖြစ်စေ အောက်အနီတန်လေးက ပြည့်လာမှာဖြစ်ပြီး ပြည့်သွားပါက ရန်သူကို နှစ်ချက် အမြန်ခုတ်စေမှာပါ။ သွေးနည်းလေး ပြည့်တာမြန်လေပါပဲ။ Battle ဆိုရင် အရှေ့ဆုံးက ဝင်ပြီး အကုန်ခုတ်ပါ သေခံနီးကျမှ Ult ကိုသုံးပါ။ Skill 1 သုံးပြီး 2 ကိုသုံးကာ နောက်ထပ် တစ်ချက် 1 ကိုထပ်သုံးပါ။ အောက်မှာတော့ Item နဲ့ Emblem ကိုဖော်ပြထားပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။