ပရိသတ်အချစ်တော် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့အပြင် အဆိုပိုင်းမှာလည်း တကယ့်ကိုအရည်အချင်းရှိသူလေး ဖြစ်ပါတယ်။ အဆိုတော်၊ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ရပ်တည်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်းက အခုတော့ သားသားလေးမွေးပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit -Nan Myat Phyo Thin's FB
Photo Credit -Nan Myat Phyo Thin's FB
Photo Credit -Nan Myat Phyo Thin's FB

ပထမဆုံးရင်သွေးရတနာလေးဖြစ်တဲ့ သားလေး Jack Jack ကို မွေးဖွားခဲ့တဲ့ မေမေနန်းမြတ်ကတော့ အခုအချိန်အထိ ဘာမှမပြောင်းမလဲဘဲ လှပနုပျိုနေဆဲ ဖြစ်ပါတယ်။ ဒီနေ့အောက်တိုဘာလ (၁၂) ရက်နေ့မှာလည်း ချစ်စရာကောင်းတဲ့ နန်းမြတ်ရဲ့သားလေးက အသက် (၆) လတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နန်းမြတ်က သူမတို့မိသားစုသုံးယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

Photo Credit -Nan Myat Phyo Thin's FB
Photo Credit -Nan Myat Phyo Thin's FB
Photo Credit -Nan Myat Phyo Thin's FB
Photo Credit -Nan Myat Phyo Thin's FB

နန်းမြတ်က '' JackJackလေးဒီနေ့၆လပြည့်တယ် မေမေ့အချစ်တွေနဲ့ကြီးထွားလာတာနှစ်တဝက်ကျိုးပီပေါ့ချစ်လေးရေ ရှေ့လျှောက်လဲခုလိုပဲကျန်းမာကြံ့ခိုင်ပီးပျော်ပျော်ရွှင်ရွှင်ကြီးထွားလာပါဦးချစ်လေးရယ်'' ဆိုပြီး ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းတို့မိသားစုသုံးယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Nan Myat Phyo Thin's FB 

Photo Credit -Nan Myat Phyo Thin's FB
Photo Credit -Nan Myat Phyo Thin's FB
Photo Credit -Nan Myat Phyo Thin's FB
Photo Credit -Nan Myat Phyo Thin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။