ညဘက်မှာ တစ်ရေးနိုးထတတ်တဲ့သူတွေအနေနဲ့ တစ်ရေးနိုးလာတဲ့အချိန်ပေါ်မူတည်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုချို့ယွင်းမှုတွေရှိလဲဆိုတာကို သိနိုင်ပါတယ်။

ညဘက် ၉နာရီကနေ ၁၁နာရီအတွင်း အိပ်ပျော်ရန်ခက်ခဲနေသူတွေဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကိုစိတ်ဖိစီးမှုလျှော့ချနိုင်ဖို့ မအိပ်ခင်မှာ တရားမှတ်တာ၊ ရေအေးအေးလေးချိုးလိုက်တာ၊ နွားနို့ပူပူလေးသောက်လိုက်တာ၊ ဒါမှမဟုတ် စိတ်ဖိစီးမှုကို အာရုံလွှဲတဲ့အနေနဲ့ စာအုပ်ဖတ်လိုက်တာ၊ ဒီလိုနည်းလမ်းတွေနဲ့ ကြိုးစားပြီး အိပ်ပျော်အောင် လုပ်နိုင်ပါတယ်။

ညဘက် ၁၁နာရီကနေ ၁နာရီအတွင်း တစ်ရေးနိုးသူတွေဟာ စိတ်ခံစားမှု အပြင်းအထန်ရှိထားလို့ဖြစ်ပါတယ်။ တရုတ်ရိုးရာဆေးပညာအရ ဒီအချိန်ဟာ သည်းခြေအိတ်လှုပ်ရှားမှုရှိတဲ့အချိန်ဖြစ်ပြီး ဒီအချိန်မှာ တစ်ရေးနိုးတတ်တဲ့သူတွေဟာ စိတ်ခံစားချက်ချို့ယွင်းမှုနဲ့ ကြုံနေရလို့ပဲဖြစ်ပါတယ်။ ဒီအတွက် အကြံပေးချက်ကတော့ ကိုယ့်ကိုကိုယ် အမှန်အတိုင်းလက်ခံပြီး စိတ်ကျေနပ်အောင် ကြိုးစားတွေးပြီး အိပ်ပျော်အောင်လုပ်သင့်ပါတယ်။ 

မနက် ၁နာရီကနေ ၃နာရီအတွင်း တစ်ရေးနိုးသူတွေကတော့ ဒေါသကြောင့်ပါတဲ့။ ဒီအချိန်မှာ နိုးတတ်တဲ့သူတွေဟာ ဒေါသထိန်းချုပ်မှုပြသနာရှိပြီး အကြံပေးချင်တာကတော့ ရေအေးအေးလေးသောက်၊ ဒါမှမဟုတ် တရားထိုင်ပြီး အိပ်ဖို့ကြိုးစားတာပိုကောင်းပါတယ်။ 

မနက် ၃နာရီကနေ ၅နာရီအတွင်းနိုးတဲ့သူတွေဟာ ဘေးပတ်ဝန်းကျင်က တစ်စုံတစ်ရာရဲ့ လွှမ်းမိုးမှုကြောင့်လို့ဆိုပါတယ်။ ဒီအခြေအနေမှာတော့ စိတ်ငြိမ်အောင်ထားပြီး ဘုရားစာတိုးတိုးလေးရွတ်ကာ အိပ်ပျော်အောင် ကြိုးစားသင့်ပါတယ်။

မနက် ၅နာရီကနေ ရနာရီအတွင်း တစ်ရေးနိုးမယ်ဆိုရင်တော့ စိတ်ချုပ်တည်းထားတာ များပြားလွန်းလို့ဖြစ်ပါတယ်၊ ဒီအခြေအနေမှာတော့ အိပ်ရာပေါ်မှာပဲ အကြောဆန့်၊ ကြွက်သားတွေကိုဖြေလျှော့ပြီး ပြန်အိပ်ပျော်အောင် ကြိုးစားသင့်ပါတယ်။

Source : elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။