ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး အေးမြတ်သူဟာဆိုရင် ပါးချိုင့်လေးနှစ်ဖက်နဲ့ အရမ်းချစ်စရာကောင်းလွန်းတဲ့သူလေးဖြစ်ပါတယ်နော်။အေးမြတ်သူက အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ်စတင်ဝင်ရောက်ခဲ့ပြီး အလှမယ်သရဖူကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှတဆင့် ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Amazing Grace Source:Aye Myat Thu's Page
Photo Credit:Amazing Grace Source:Aye Myat Thu's Page
Photo Credit:Amazing Grace Source:Aye Myat Thu's Page

ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလာတဲ့ အေးမြတ်သူက ပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့လို့ သူမကိုချစ်တဲ့ပရိသတ်တွေက အတိုင်းမသိဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။သဘောမနောကောင်းပြီး ကြင်နာတတ်တဲ့အေးမြတ်သူက လူတန်းစားမခွဲခြားတတ်သူဖြစ်လို့ ပရိသတ်တွေကသူမရဲ့စိတ်ထားလေးကိုလေးစားနေရတာဖြစ်ပါတယ်။

Photo Credit:Amazing Grace Source:Aye Myat Thu's Page
Photo Credit:Amazing Grace Source:Aye Myat Thu's Page
Photo Credit:Amazing Grace Source:Aye Myat Thu's Page

အေးမြတ်သူက ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ရပ်တည်နေပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။အမြဲတမ်း ဖက်ရှင်ကျပြီး လှပနေတဲ့‌ အေးမြတ်သူကတော့ အခုဆိုရင် "အခမ်းနားဆုံးမေတ္တာ"ရုပ်ရှင်ကားကြီးရဲ့ပွဲကို လုံလုံခြုံခြုံလေးဝတ်ဆင်ပြီး ပေါ့ပေါ့ပါးပါးနဲ့စတိုင်လ်ကျလှပနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Amazing Grace Source:Aye Myat Thu's Page
Photo Credit:Amazing Grace Source:Aye Myat Thu's Page
Photo Credit:Amazing Grace Source:Aye Myat Thu's Page

Photo Credit:Amazing Grace

Source:Aye Myat Thu's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။