နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ဦးအဖြစ် တစ်နိုင်ငံလုံးရဲ့အားပေးဝန်းရံမှုကိုရရှိပြီး ကျော်ကြားအောင်မြင်လာခဲ့သူလေးကတော့ မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ရွှေအိမ်စည်ပဲ ဖြစ်ပါတယ်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလှလှလေးတွေရဲ့ပိုင်ရှင် အိမ်စည်က သွယ်လျလှပတဲ့ Body အချိုးအစားကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

ကြော်ငြာနဲ့ Photo Shooting တွေမနားတမ်းရိုက်ကူးနေရတဲ့ အိမ်စည်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပါတယ်။ အခုလည်း အိမ်စည်က တော်ဝင်စိန်တိုက်ရဲ့ Show ပွဲမှာ အလှပဆုံးလက်ဝတ်ရတနာတွေကို ဝတ်ဆင်ပြီး ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။ ရင်သပ်ရှုမောဖွယ် အလှတရားတွေနဲ့ အိမ်စည်တစ်ယောက် လည်ပြန်ငေးရလောက်အောင် အလှသရဖူဆောင်းခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

ရွှေအိမ်စည်က '' အိမ်စည် ပြိုင်ပွဲတွေဝင်ပြိုင်ပီး နိုင်လိုက်တိုင်းရတဲ့ crown တွေထက် ဒီနေ့ဆောင်းရတဲ့ crown ကတော့ တန်ဖိုးအကြီးဆုံးပါပဲ aတာ်ဝင်စိန်တိုက် royaldiamond '' ဆိုပြီးလည်း တင်ထားပါသေးတယ်။ အိမ်စည်ရဲ့ညို့အားပြင်း အလှပုံရိပ်တွေကတော့ တကယ့်ကို ဆွဲဆောင်မှုပိုနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ရွှေအိမ်စည်ရဲ့အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Shwe Eain Si's FB 

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။