သက်မွန်ရဲ ့ကြော်ငြာရိုက်ကွင်းပေါ်က ပုံရိပ်များ

ပရိသတ်အချစ်တော် မင်းသမီးလေး သက်မွန်မြင့်ဟာ ဒီနေ ့မှာ Bella Cosmetic အတွက် ကြော်ငြာရိုက်ကူးပေးခဲ့ပါတယ်။ ထပ်ဆင့်အကယ်ဒမီဆုရှင် သက်မွန်မြင့်ဟာ ဒီမေလက စပြီးအလုပ်တွေ ဆက်တိုက်လုပ်ပါတော့မယ်လို ့ပြောထားတဲ့အတိုင်းပဲ အနုပညာလှုပ်ရှားမှုတွေကို ခပ်စိပ်စိပ်လေးလုပ်လာတာကို တွေ ့ရပါတယ်။

သားလေးတစ်ယောက်နဲ ့သမီးလေး တစ်ယောက်ရဲ ့အမေဖြစ်တာမို ့ မိသားစုအပေါ်မှာလည်း ဂရုစိ်ုက်မှုမလျော့ရအောင် အလုပ်အပေါ်မှာလည်း တာဝန်ကျေအောင်လုပ်နေတဲ့ သက်မွန်ကိုတော့ ပရိသတ်တွေက အချစ်တိုးနေကြပါတယ်။ Bella Cosmetic ရဲ ့သနပ်ခါးစီးရီးအတွက် ကြော်ငြာရိုက်ကူးပေးနေတဲ့ သက်မွန်ရဲ ့အရမ်းချစ်စရာကောင်းတဲ့ ပုံရိပ်တွေကိုတော့ အခုလိုပဲတွေ ့မြင်ရပါတယ်။

Source: Myanmar Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။