ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာနယ်ပယ်မှာ လျှောက်လှမ်းနေတာ ဆယ်စုနှစ်တစ်စုစာလောက်တောင်ရှိနေပါပြီနော်။ဝတ်မှုံရွှေရည်ကို ပရိသတ်တွေက ရွှေကစ်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့ ချစ်စရာအပြုအမူလေးတွေနဲ့ အပြောအဆိုလေးတွေကို အရမ်းချစ်နေရတာဖြစ်ပါတယ်။

Source:Wutt Hmone Shwe Yi's Page Photo Credit:Alinn Young
Source:Wutt Hmone Shwe Yi's Page Photo Credit:Alinn Young
Source:Wutt Hmone Shwe Yi's Page Photo Credit:Alinn Young

ရွှေကစ်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ကိုရီးယားမလေးလိုချစ်စရာကောင်းလို့ ကိုရီးယား မင်းသားချောလေးနဲ့လည်း တွဲဖက်ပြီး "တိမ်တွေပေါ်ကပန်း"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးထားပါသေးတယ်နော်။

Source:Wutt Hmone Shwe Yi's Page Photo Credit:Alinn Young
Source:Wutt Hmone Shwe Yi's Page Photo Credit:Alinn Young
Source:Wutt Hmone Shwe Yi's Page Photo Credit:Alinn Young

ပရိသတ်တွေကတော့ ရွှေကစ်ရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို တစ်ခဲနက်အားပေးဝန်းရံကြပြီး အခိုင်အမာရပ်တည်နေကြတာဖြစ်ပါတယ်။အသက်၃၁နှစ်အရွယ်ဖြစ်ပေမယ့် နုဖတ်နေအောင်လှပတဲ့ ရွှေကစ်က အခုဆိုရင် စိန်နန်းတော်ဆိုင်ရဲ့ဖွင့်ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။အနီရဲရဲလေးကိုဝတ်ဆင်ထားပြီး မြင်သူတကာငေးရလောက်အောင်လှတဲ့ ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Wutt Hmone Shwe Yi's Page Photo Credit:Alinn Young
Source:Wutt Hmone Shwe Yi's Page Photo Credit:Alinn Young
Source:Wutt Hmone Shwe Yi's Page Photo Credit:Alinn Young

Source:Wutt Hmone Shwe Yi's Page

Photo Credit:Alinn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။