ရွှေရွှေစုံတွဲလို့ ပရိသတ်တွေအားလုံးက ချစ်စနိုးနဲ့အမည်ပေးထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံကတော့ အရမ်းကိုလိုက်ဖက်ညီတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး အမြဲတမ်း Romantic ဆန်ဆန်ကြည်နူးနေတဲ့ သူတို့စုံတွဲလေးကိုကြည့်ပြီး ပရိသတ်တွေအားလုံးက အားကျချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit -Shwe Hmone Yati's FB
Photo Credit -Htoo Khant's FB

အခုဆိုရင်လည်း လာမယ့်နိုဝင်ဘာလ (၁၁) ရက်နေ့မှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့စုံတွဲလေးက မင်္ဂလာသက်တမ်းတစ်နှစ်တိတိ ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ အသေးစိတ်ကအစ အချင်းချင်းဂရုစိုက်တတ်တဲ့ သူတို့စုံတွဲလေးက အမြဲတမ်းလက်တွဲတွေခိုင်မြဲနေကြတာလည်း ဖြစ်ပါတယ်။ အခုလည်း ရွှေမှုံရတီက ချစ်ခင်ပွန်းရွှေထူးကို ဆံပင်ညှပ်ဆိုင်အထိလိုက်ပြီး စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ပေးခဲ့ပါတယ်။

Photo Credit -Shwe Hmone Yati's FB
Photo Credit-Htoo Khant's FB
Photo Credit -Shwe Hmone Yati's FB

ရွှေမှုံရတီအလှပြင်ဆိုင်သွားတိုင်း အမြဲလိုက်စောင့်ပေးခဲ့တဲ့ ရွှေထူးတစ်ယောက် ဒီတစ်ခါမှာတော့ '' ဆံပင်ညှပ်ဆိုင်မှာ နေပြန်လှန်းလိုက်တယ် '' ဆိုပြီး ချစ်ဇနီးလေးကို စနောက်ထားတာ တွေ့ရပါတယ်။ ရွှေမှုံရတီကလည်း '' သူ့အလှည့်ပေါ့ '' ဆိုပြီး ပုံလေးတွေ တင်ထားပါသေးတယ်။ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းချစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့စုံတွဲရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Htoo Khant's FB & Shwe Mhone Yati's FB 

Photo Credit -Shwe Hmone Yati's FB
Photo Credit -Shwe Hmone Yati's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။