အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပြီး ပရိသတ်အချစ်တော်အဆိုတော်တွေထဲမှာလဲ တစ်ယောက်အပါအဝင် ဖြစ်တဲ့ အောင်ထက်ကတော့ ချစ်ပရိသတ်တွေရဲ့ အသည်းကျော်အဆိုတော်ကြီး ဖြစ်သလို ချစ်ပရိသတ်တွေရဲ့ အချစ်ပေါင်းများစွာကို ရယူပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကိုရရှိထားတာပါ။

Photo Credit- Aung Htet’s Facebook
Photo Credit- Aung Htet’s Facebook

အောင်ထက်ကတော့ ကိုယ်ပိုင်သံစဉ်သီချင်းစာသားများနဲ့ ဖန်တီးထားတဲ့ သီချင်းအပုဒ်တိုင်းကလည်း ပရိတ်သတ်တွေကြား ရေပန်းစား လူကြိုက်များခဲ့သူတစ်ယောက်ပါ၊ အောင်ထက်ဟာ သီချင်းအပုဒ်တိုင်းကို ပရိတ်သတ်တွေ နားထဲရောက်အောင် အကောင်းမွန်ဆုံးဖန်တီးသီဆိုနိုင်တာဖြစ်ပြီး တကယ်ကိုပါရမီပြည့်ဝတဲ့ အဆိုတော်တစ်ဦးပါ။

Photo Credit- Aung Htet’s Facebook
Photo Credit- Aung Htet’s Facebook

အခုတစ်ခါမှာလည်း နာမည်ကြီး အနုပညာရှင်များနဲ့အတူ အင်းလေးမှာ သီချင်းဆိုရန်ရောက်ရှိနေကြတာပါ။ သူ့ရဲ့လူမှုကွန်ယက်တွင်လည်း " အင်းလေး

သီတင်းကျွတ်ဂီတပွဲတော်အတွက်

ဖျော်ဖြေရန်အသင့်

အောင်ထက်" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Aung Htet’s Facebook 

Photo Credit- Aung Htet’s Facebook
Photo Credit- Aung Htet’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။