ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်လာတဲ့ မင်းသမီးချောလေး မေတိုးခိုင်ကတော့ တီတီအူဝဲရဲ့ ‌ခြေရာအတိုင်းလိုက်နင်းတဲ့သူဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်း မေတိုးခိုင်ကို အူဝဲအငယ်စားလေးလို့ တင်စားခေါ်ဝေါ်ကြပြီး အိန္ဒြာကျော်ဇင်နဲ့ ရုပ်ချင်းလေးဆင်ပါတယ်။မေတိုးခိုင်ရဲ့ ဖြူဖြူစင်စင်လှပပုံလေးတွေကိုလည်း ပရိသတ်တွေကချီးကျူးနေကြတာပါ။

Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook

မေတိုးခိုင်နဲ့အူဝဲတို့ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ "ရူးအောင်ချစ်မယ့်လူ"ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေကြားမှာအရမ်းရေပန်းစားအောင်မြင်ခဲ့ပါတယ်နော်။မေတိုးခိုင်ကလည်း တက်သစ်စအနုပညာရှင်လေးဖြစ်ပေမယ့် သရုပ်ဆောင်ချက်အိုင်တွေကတော့ တီတီအူဝဲရဲ့သင်ကြားပြသမှုတွေကြောင့် အရမ်းကောင်းပါတယ်နော်။

Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook

မေတိုးခိုင်က အခုဆိုရင် အရင်ကထက် ဒီဇိုင်းပိုင်းတွေမိုက်လာပြီး စတိုလ်ကျကျ ဝတ်စားတတ်လာပါတယ်နော်။မေတိုးခိုင်ရဲ့အလှလေးကလည်း တစ်မျိုးလေးထူးခြားပြီး ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ခရမ်းရောင်ဝတ်စုံလေးနဲ့ အပြင်အဆင်တွေက အရမ်းမိုက်နေလို့ ပရိသတ်ကြီးလည်း အားပေးလို့ရအောင် မျှဝေပေးလိုက်ပါရစေနာ်။

Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook
Photo Credit:May Toe Khine's Facebook

Photo Credit:May Toe Khine's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။