ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိသတ်ကြီးရဲ့အချစ်တွေကို ဖမ်းစားထားသူလေးကတော့ သရုပ်ဆောင်ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ပါ။ သူမဟာ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရွှေကြိုအဖြစ်ပါဝင်ဆောင်ရွက်ရာမှ အနုပညာလောကသို့ ဝင်ရောက်လာတာပါ။ သူမရဲ့အနုပညာအရည်အသွေးဟာလည်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာတာပါ။ 

Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook

လတ်တလောမှာလည်း ကြော်ငြာများနဲ့ အလှဓာတ်ပုံများရိုက်ကူးနေတာပါ။ မကြာခင်မှာလည်း သရုပ်ဆောင်လုပ်ဖို့အစီစဉ်ရှိတာလည်း ဖြစ်ပါတယ်။ သူမရဲ့အသားအရည်ဟာလည်း ကိုရီးယားမင်းသမီးလေးလို့ထင်မှတ်ရလောက်အောင် လှရက်နိုင်တာကြောင့်လည်း မိန်းကလေးတွေကပါ အားကျနေရတာပါ။ 

Photo Credit- Thazin Htoo Myint’s Facebook
Photo Credit- Thazin Htoo Myint’s Facebook

အခုမှာလည်း ဘုန်းမင်းနေလနဲ့အတူ ကြော်ငြာရိုက်ကူးနေတာပါ။ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးကိုတော့သူမရဲ့ Facebook Myday တွင်တင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source- Thazin Htoo Myint’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။