မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေလည်း မနားတမ်းရိုက်ကူးနေရပြီး အောင်မြင်မှု သရဖူဆောင်းထားသူလေး ဖြစ်ပါတယ်။ သင်ဇာရဲ့မျက်နှာလေးက သွယ်သွယ်လျလျလေးနဲ့ ချစ်စရာကောင်းသလို သူမရဲ့ခန္ဓာကိုယ်လေးကလည်း ဆွဲဆောင်မှုအပြည့်နဲ့ ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သင်ဇာ့ကို ယောက်ျားလေးပရိသတ်တွေက အပြတ်အသတ် ဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ဆွဲဆောင်မှုအပြည့်ဆုံး မင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်လည်းဖြစ်ပါတယ်။ သူမရဲ့ငေးမောဖွယ်ရာ ကောက်ကြောင်းအလှတွေကြောင့် ပုရိသကိုကိုတွေကြားမှာ အမြဲလိုလိုရေပန်းစားနေတဲ့ အလှဘုရင်မတစ်ဦးဆိုလည်းမမှားပါဘူး။ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင် သင်ဇာက အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးအဖြစ်ရော Sexy Model အဖြစ်ပါ အနုပညာလောကမှာ လျောက်လှမ်းနေတာ ဖြစ်ပါတယ်။
သင်ဇာကတော့ အမြဲတမ်း သူမရဲ့ အလှတရားတွေပေါ်လွင်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ညို့အားပြင်းတဲ့ ပုံရိပ်တွေကို လှုမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာဖြစ်ပြီး ရေပန်းစား လူကြိုက်များတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ သူမကိုလာရောက်ကန်တော့ကြလို့ ဝမ်းသာကြည်နူးပီတိဖြစ်နေတဲ့ အမှတ်တရပုံလေးတွေကို ဖေ့ဘွတ်မှာဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။
Source:Thin Zar Wint Kyaw
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။