ပရိသတ်ကြီးရေ အဆိုတော်အေသင်ချိုဆွေဟာဆိုရင် သမီးချောလေးတစ်ယောက်ကို မွေးဖွားထားပြီး Single Motherတစ်ယောက်အဖြစ် ရဲရဲဝင့်ဝင့် ပြုစုပျိုးထောင်ပေးနေတဲ့ လေးစားစရာမိခင်တစ်ယောက်ဖြစ်ပါတယ်။သမီးလေးတစ်ဖက်နဲ့ပဲ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆာင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကို ရရှိနေဆဲဖြစ်ပါတယ်။

Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook

အေသင် သီဆိုခဲ့ဖူးတဲ့ တေးသီချင်းလေးတွေကလည်း ယနေ့အချိန်ထိ ပရိသတ်တွေကြားအရမ်းရေပန်းစားနေဆဲဖြစ်ပြီး နောက်ထပ်ထွက်ရှိလာတဲ့ သီချင်းအသစ်လေးတွေကလည်း အောင်မြင်နေပါတယ်နော်။အေသင်ရဲ့သမီးချောလေးဗီးဗီးကလည်း စကားတွေအရမ်းတတ်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ဗီးဗီးလေးက ကျောင်းလည်းတတ်နေပြီး သူငယ်ချင်းတွေနဲ့လည်း ခင်ခင်မင်မင်နေတတ်ပါတယ်နော်။

Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook

ဗီးဗီးလေးက လိမ္မာတဲ့ကလေးလေးဖြစ်လို့ သီတင်းကျွတ်အခါသမယမှာလည်း မေမေ့ကို ကန်တော့ခဲ့ပါသေးတယ်။အခုဆိုရင်လည်း ဖယောင်းတိုင်မီးလေးတွေထွန်းနေတဲ့ ဗီးဗီးလေးကို ကြည့်ပြီး"လွမ်းလိုက်တာ ဗီးရယ် အခုလက်ရှိပျဉ်းမနား၂ကျိပ်၈ဆူ ဖျော်ဖြေနေတဲ့ ကားကြီးပေါ်မှာ ခံစားနေရတဲ့ စိတ်ပင်ပန်းမူတွေ၊ဒေါသတွေ၊ မကျေနပ်မူတွေ၊ အားလုံး အာလုံး ကိုမေမေ့ သမီးရဲ့ ပုံလေးတွေတွေ့တော့ဖြေဖျောက်နိုင်ခဲ့ပါပြီနော်။"ဆိုကာ သမီးလေး‌ရဲ့ချစ်စရာပုံရိပ်လေးကို မျှဝေခဲ့ပါတယ်နော်။

Photo Credit:Athen Cho Swe's Facebook
Photo Credit:Athen Cho Swe's Facebook

Photo Credit:Athen Cho Swe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။