အဆိုတော်မလေး ပိုပိုကတော့ အသံပါဝါကောင်းသလောက် ရုပ်ရည်ကလည်း ချောမောလှပတာကြောင့် အားပေးဝန်းရံသူတွေက အင်မတန်များပြားနေတာပဲ ဖြစ်ပါတယ်။ ချစ်ဖူးခဲ့သမျှဆိုတဲ့ တေးအယ်ဘမ်လေးကစတင်ပြီး ယနေ့အချိန်အထိ အောင်မြင်မှုများစွာ ရရှိနေတဲ့ ပိုပိုကတော့ ဂီတလောကမှာ နေရာရနေတဲ့ ပရိသတ်အချစ်တော်တစ်ဦးဖြစ်ပါတယ်။

Photo Credit -PoPo's FB
Photo Credit -PoPo's FB

လက်ရှိမှာဆိုရင် ပိုပိုက ပရိသတ်တွေအကြိုက်တွေ့စေမယ့် သီချင်းအသစ်တွေ ဖန်တီးနေသလို ရှိုးပွဲတွေနဲ့ ပွဲအခမ်းအနားတွေမှာလည်း ပါဝင်ဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ အခုလည်း ပိုပိုက ပျဉ်းမနားမြို့ဦး ဓမ္မာရုံရဲ့ သီတင်းကျွတ်ပွဲတော်မှာ ပါဝင်ဖျော်ဖြေဖို့ ရောက်ရှိနေကြောင်း ပရိသတ်တွေအတွက် ပုံလေးတွေနဲ့အတူ ပြောပြထားပါတယ်။

Photo Credit -PoPo's FB
Photo Credit -PoPo's FB
Photo Credit -PoPo's FB

ပိုပိုက '' မင်းရဲ့ မတ်မတ်က ဂေါ်ဂေါ် ပဲစိန် ကြာပါတယ် ပျဉ်းမနား မြို့ဦး ဓမ္မာရုံရဲ့ သီတင်းကျွတ် ပွဲတော် ပထမ ရက် မှာပဲ ချစ်သူ ရှာရင် ကောင်းမလား'' ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ပိုပိုတစ်ယောက် အမိုက်စားဖက်ရှင်လေးနဲ့ အပြတ်အသတ်ဂေါ်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး ပိုပိုရဲ့ အထာကျကျ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -PoPo's FB 

Photo Credit -PoPo's FB
Photo Credit -PoPo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။