ပရိသတ်ကြီးရေ.. ဂျင်းကောင်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ောင် အကယ်ဒမီမင်းသားချော မြင့်မြတ်ကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်နေသလို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားသူပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်ဇနီးချောလေးအပြင် ချစ်စရာကောင်းလွန်းတဲ့ သားချောလေး မြတ်သူနဲ့အတူ ကြည်နူးစရာမိသားစုလေးကို ပိုင်ဆိုုင်ဖြတ်သန်းနေတာပါနော်..။

Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook

မိသားစုပုံရိပ်လေးတွေနဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲပြန်လည်မျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း ထပ်မံမျှဝေထားပါသေးတယ်..။

ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးပြီး ထွန်းထွန်း အိချောပို တို့နဲ့အတူ သရုပ်ဆောင်နေကြတဲ့ Player ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရတွေကို မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကို အလွမ်းပြေစေတာပါနော်..။

Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook

ထွန်းထွန်း အိချောပိုတို့နဲ့ ရိုက်ကူးနေကြတဲ့ Player ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်များစွာ ပါဝင်တာမို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်တို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook

Photo Credit - Myat Wai Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။