ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်အချစ်တော်လေးဖြစ်ခဲ့တဲ့ ယွန်းယွန်းကတော့ တစ်နေ့တစ်ခြား လှသွေးကြွယ်လာတဲ့ အပျိုဖြန်းမလေး ဖြစ်ပါတယ်။ ရှည်လျားလှပတဲ့ ဆံနွယ်ရှည်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ ယွန်းယွန်းက ပါးချိုင့်လေးနှစ်ဖက်နဲ့ တကယ့်ကို ချစ်ဖို့ကောင်းလွန်းသူလေးဆိုရင်လည်း မမှားပါဘူးနော်။

Photo Credit -Amazing Grace
Photo Credit -Yoon Yoon's FB

ယခုလက်ရှိ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ယွန်းယွန်းက ပညာရေးတစ်ဖက်နဲ့ သူချစ်ရတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ယွန်းယွန်းက ကြော်ငြာလေးတွေ၊ ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ အခုတော့ ယွန်းယွန်းက သီတင်းကျွတ်ပိတ်ရက်လေးမှာ မိသားစုနဲ့အတူ ပတ္တရားကမ်းခြေမှာ လည်ပတ်နေတဲ့ ပုံရိပ်လေးတွေကို တင်ထားပါတယ်။

Photo Credit -Yoon Yoon's FB
Photo Credit -Yoon Yoon's FB
Photo Credit -Yoon Yoon's FB

ယွန်းယွန်းက '' Will always be daddy’s princess #speedboat #pattaya #sunset '' ဆိုပြီး ဖေဖေနဲ့အတူ ပျော်ရွှင်နေတဲ့ အမှတ်တရလေးတွေကို မျှဝေပေးထားပါတယ်။ ယွန်းယွန်းက ဖေဖေနဲ့အတူ Speed Boat ကြီးစီးပြီး ကလေးလေးလို ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းယွန်းတို့သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Yoon Yoon's FB

Photo Credit -Yoon Yoon's FB
Photo Credit -Yoon Yoon's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။