နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အောင်မြင်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေဖြစ်ပြီး ယောကျၤားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းပိုက်ရရှိထားတာသူလေးပါနော်..။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

နန်းဆုလေးကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ချစ်ပရိသတ်တွေကို အမြဲပန်လည်မျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကို မျှဝေထားပါသေးတယ်..။

ရွှေသုန္ဒရီပိုးထည်တိုက် ရဲ့ အခမ်းအနားပွဲလေးကို တက်ရောက်ခဲ့တာဖြစ်ပြီး မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ လှသွေးကြွယ် ချစ်စရာကောင်းနေတာ ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

မန်မာဆန်ဆန်လေးနဲ့ကျော့ရှင်းစွာ လိုက်ဖက်ညီချစ်ဖို့ကောင်းနေတဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် မျှဝေထားပြီး ချစ်ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြပါတယ်နော်..။

"ရွှေသုန္ဒရီပိုးထည်တိုက် ၈နှစ်ပြည့်နှင့် ဆိုင်ပြောင်းရွှေ့ဖွင့်လှစ်ခြင်းအထိမ်းအမှတ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲအခမ်းအနား

congratulations ရွှေသုန္ဒရီ

အများကြီးအောင်မြင်ပါစေ.." ဆိုပြီး ဆုတောင်းစကားလေးနဲ့ သူမရဲ့ ပွဲတက်ပုံရိပ်လေးတွေကို မျှဝေထားတာပါ..။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

Photo Credit - Nansu Yati Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။