ပရိသတ်ကြီးကို ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ပိုက်ဆံပေါ်တွင် အဲလ်လိဇဘက် ဘုရင်မကြီးရုပ်ပုံ ရိုက်နှိပ်ခဲ့တဲ့ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ပြောပြပေးသွားမှာပါ...။ သြစတေးလျ နိုင်ငံမှ ထရီနီဒက်နှင့် တိုဘာဂို နိုင်ငံအထိ နိုင်ငံပေါင်း ၃၃ နိုင်ငံရှိ ငွေကြေးများတွင် ဒုတိယမြောက် အဲလ်လိဇဘက် ဘုရင်မကြီး၏ ရုပ်ပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်...။

photo credit pngtree

ကနေဒါနိုင်ငံသည် ၁၉၃၅ ခုနှစ်တွင် ဗြိတိန် ဘုရင်မ၏ ရုပ်ပုံကို နိုင်ငံ ငွေကြေး ပေါ်တွင် ပထမဆုံး အသုံးပြုခဲ့ပါတယ်...။ ကနေဒါနိုင်ငံ၏ ဒေါ်လာ ၂၀ တန် ငွေစက္ကူပေါ်တွင် ထိုစဉ်က ကိုးနှစ်သမီးအရွယ် မင်းသမီး၏ ရုပ်ပုံကို ရိုက်နှိပ်ခဲ့ပါတယ်...။ နှစ်ပေါင်းများစွာအတွင်း အင်္ဂလန်နိုင်ငံနှင့် ဗြိတိသျှတို့၏ ကိုလိုနီ နိုင်ငံများ၊ဒိုမီနီယံ နိုင်ငံ များ၊ဗြိတိသျှတို့ပိုင်ဆိုင်ခဲ့သော နိုင်ငံများတွင် အဲလ်လိဇဘက် ဘုရင်မကြီး၏ ရုပ်ပုံ ၂၆ မျိုးကို ငွေစက္ကူများပေါ်တွင် ထည့်သွင်း အသုံးပြုခဲ့ကြပါတယ်...။ ဇင်ဘာဘွေ၊ မော်လ်တာ နှင့် ဖူဂျီနိုင်ငံများတွင် ဘုရင်မကြီး၏ သရဖူဆောင်းထားသော သုံးလက်စပုံများကိုသာ သုံးစွဲနေကြပါတယ်...။

photo credit pngtree

ကနေဒါနှင့် သြစတြေလျနိုင်ငံငွေကြေးများတွင်မူ ဘုရင်မကြီး၏ ရိုးရိုးဝတ်ဆင်ထားသောပုံကိုသာ ရိုက်နှိပ်ထားပါတယ်...။ နိုင်ငံအများစုက ဘုရင်မကြီး၏ လက်ရှိ အိုမင်းလာသော အရွယ် ပုံကို ရိုက်နှိပ်ကြသော်လည်း အချို့သော နိုင်ငံများက ဘုရင်မကြီး၏ နုပျိုစဉ်က ပုံကိုသာ နှစ်သက်ကြပါတယ်...။ အလယ်ပိုင်း အမေရိကရှိ ဘယ်လီဇီနိုင်ငံက ၁၉၈၀ ပြည့်နှစ်တွင် ငွေကြေးထုတ်ဝေရန် ဒီဇိုင်း အသစ် ပြန်လည် ရေးဆွဲရာတွင် ဘုရင်မကြီး၏ အသက်၂၀ အရွယ်က ပုံကို အသုံးပြုခဲ့ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။