ပရိသတ်ကြီးရေ...ဒီတစ်ပါတ်မှာတော့ ဗီယက်နမ်စစ်ပွဲ အမှတ်တရ တံတိုင်း (Vietnam Veterans Memorial Wall) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးမှာဖြစ်ပါတယ်...။ ထိုတံတိုင်းကြီး အကြောင်းမပြောသေးခင် လူသားတို့ဘာကြောင့် တံတိုင်းတွေကိုဆောက်လုပ်ခဲ့ပုံနှင့် ဘယ်လိုမျိုးတည်ဆောက်ခဲ့ပုံကို ဦးစွာပထမ ဖော်ပြပေးသွားပါ့မယ်....။ လူသားတို့သည် မြို့ရိုးများ၊ တံတိုင်းများကို ရှေးခေတ် ကာလများကတည်းက မိမိတို့ပိုင်နက် နယ်မြေကို နယ်နိ မိတ်များ သတ်မှတ် နိုင်ရန်၊ ရန်သူများ မဝင်ရောက်နိုင်ရန် နှင့် ဒေသနေပြည်သူများ လုံခြုံစွာ နေထိုင်နိုင်ရန် တို့ကို ရည် ရွယ်ပြီး ကမ္ဘာအနှံ့ရှိ နိုင်ငံတိုင်းလိုလို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်...။ နောက်ပိုင်းတိုးတက်လာသော ခေတ်များတွင် အနုပညာလက်ရာမြောက်စွာ တည်ဆောက်ခဲ့ကြပြီး အထိမ်း၊အမှတ် လက္ခဏာတွေနဲ့ ပြည့်နှက်နေသော တံတိုင်းများထဲတွင် ဗီယက်နမ်စစ်ပွဲ အမှတ်တရ တံတိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်...။

Photo credit pngtree

ဗီယက်နမ်စစ်ပွဲ အမှတ်တရ တံတိုင်း (Vietnam Veterans Memorial Wall)သည် ဗီယက်နမ် နိုင်ငံတွင် တည်ရှိနေခြင်းမဟုတ်ဘဲ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီတွင် တည်ဆောက်ထားသည့် တံတိုင်း တစ်ခုဖြစ်ပါတယ်...။ ဗီယက်နမ် စစ်ပွဲအတွင်းကျဆုံးခဲ့သည့် စစ်သည်များ နှင့် ပျောက်ဆုံးခဲ့သည့် စစ်သည်များကို ဂုဏ်ပြု ဆောက်လုပ်ထားသည့် အဆိုပါ တံတိုင်းအား လာရောက်သူ အများဆုံး နေရာ တစ်ခု အဖြစ် ဂုဏ်ယူပြောဆိုလေ့ရှိကြပါတယ်....။

Photo credit pngtree

အမေရိကန်နှင့် ဗီယက်နမ်စစ်ပွဲအတွင်း သက်စွန့်ကြိုးပမ်းခဲ့ကြသည့် စစ်သည် ၅၈၂၅၆ ဦးတို့၏ အမည်များကို တံတိုင်းတွင် ထွင်းထုထားတာဖြစ်ပါတယ်...။ ဗီယက်နမ် စစ်ပွဲ အမှတ်တရ တံတိုင်းကြီးအား "မာဗာလင်" ဆိုသူက ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး အနက်ရောက် ဂရင်းနိုက်ကျောက်တုံးနှစ်တုံးပေါ်တွင် စစ်သည်များ၏ အမည်များကို ရေးထိုးထားခြင်းပဲဖြစ်ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree 

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။