ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ၁၉၇၃ခုနှစ်လောက်တုန်းက အင်္ဂလန်နိုင်ငံမှာ အတော်လေးကို နာမည်ကြီးပြီး လူပြောများစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ Charlie Hickson နဲ့ Calvin Parker လို့အမည်ရတဲ့ အမျိုးသားနှစ်ယောက်ဟာ ရဲဌာနကို လာရောက်ပြီး အမှုဖွင့်ခဲ့ပါတယ်။ အမှုဖွင့်တယ်ဆိုတာ အထူးအဆန်းကိစ္စမဟုတ်သော်လည်း သူတို့ရဲ့ အမှုကတော့ အတော်လေးကို ထူးဆန်းတ်လို့ ပြောလို့ရပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

သူတို့ရဲ့ ပြောကြားချက်အရ ပုဇွန်လိုလက်တွေအများကြီးရှိတဲ့ ဂြိုလ်သားတွေဟာ သူတို့နှစ်ယောက်ကို အမည်မသိတဲ့နေရာတစ်နေရာကို ဖမ်းဆီး ခေါ်ဆောင်သွားတာခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အာ့ဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် အခန်းမတူပဲ စစ်ဆေးတာခံခဲ့ရတယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ ရဲအရာရှိတွေကတော့ သူတို့ရဲ့ ထွက်ဆိုချက်တွေကို မယုံကြည်ကြတာောကာင့် မုသားဖော်စက်ဖြင့် စစ်ဆေးခဲ့ပါတယ်။

Photo Source : Pngtree

မုသားဖော်စက်ဆိုတာ ဆိုသည်မှာ စက်ကိရိယာများဖြင့် နှလုံး သွေးကြော ဦးခေါင်းတို့ကို ထောက်ထားပြီး မုသားပြောလျင် အချက်ပြသည့် စံနစ်ဖြစ်ပါတယ်။ ဒီလို စစ်ဆေးတဲ့အခါမှာတော့ ထူးဆန်းစွာနဲ့ပဲ သူတို့နှစ်ယောက် ထွက်ဆိုသည့် စကားများ အားလုံး ထပ်တူကျနေ၍ အမှုဖွင့်ခွင့်ပေးခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ အရင်တုန်းကလည်းရှိခဲ့ပြီး ရဲအရာရှိတွေကို အကြပ်ရိုက်စေခဲ့ရပါတယ်။ ပရိသတ်ကြီးရော ဒီလိုအဖြစ်အပျက်တွေဟာ တစ်ကယ်ဖြစ်နိုင်လား ၊ မဖြစ်နိုင်ဘူးလားဆိုတာ ထင်မြင်ချက်တွေ ပေးခဲ့ပါအုန်းနော်။

Photo Source : သံ ဇဉ် မိုးဇတ်
Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။