ဒီနေ့နာမည်ကြီးသွားတဲ့ ကိုရီးယားမလေး ဟန်နာ

၁၀၀% ကိုရီးယားလူမျိုးပါတဲ့ မြန်မာပြည်ကိုအရမ်းချစ်တဲ့အတွက် ခဏခဏပြန်လာလည်တာပါတဲ့

အားလုံးပဲ မင်္ဂလာပါ

ကျမက ကိုရီးယားက Hannah Lim ပါ. ကျမက ကပြားမဟုတ်ပါဘူး, ကျမမိဘနှစ်ယောက်လုံးက ကိုရီးယားလူမျိုးတွေပါ...အဲတော့ ကျမက၁၀၀%ကိုရီးယားလူမျိုးပါရှင်.

ကျမရဲ့အလုပ်အကိုင်က model ပါ, ဒါပေမယ့် တခါတလေ ကိုရီးယားရုပ်သံလှိုင်းတွေမှာလဲပါဝင်ပါတယ်. ကိုရီးယားမှာ မင်းသမီးဖြစ်ဖို့ကိုလဲ အစီအစဉ်ရှိပါတယ်. အခြား model တွေအတွက် ဓာတ်ပုံရိုက်တာ မိတ်ကပ်ပြင်တာတွေကိုလဲလုပ်ပါတယ်.

အခု ဆိုးလ်မြို့က ဂန်နမ်မှာနေပါတယ်. ဒါပေမယ့် ၂၀၁၅မေလကနေ ၂၀၁ရဇန်နဝါရီထိရန်ကုန်မှာ နေခဲ့ဖူးပါတယ်. မြန်မာနိုင်ငံမှာနေတုန်းက မြန်မာပြည်ကိုအရမ်းချစ်တဲ့အတွက် ကိုရီးယားပြန်ပြီးတဲ့နောက်မှာပါ နောက်တစ်ခါပြန်လာလည်တာပါ. နောက်လဲ မကြာမကြာလာဦးမှာပါ. ပြီးတော့ နောက်တစ်ခါက ဇူလိုင်လမှာဖြစ်မယ်ထင်ပါတယ်. မြန်မာပြည်ကသူငယ်ချင်းတွေနဲ့ အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်. ဒါကြောင့်လဲ မြန်မာကိုချစ်ပြီး မြန်မာစကားကိုလေ့လာတာပါ.

ကျမက ပြီးပြည့်စုံပြီး ထိပ်တန်းမင်းသမီးတစ်ယောက် မဟုတ်ပေမယ့် ကျမရဲ့အိပ်မက်အတွက်ကြိုးစားနေပါတယ် ပြီးတော့ မြန်မာစာလေ့လာသလိုမျိုး ဝါသနာတွေလဲလုပ်နေတယ် မိတ်ကပ်တွေစမ်းသပ်တာလဲလုပ်တယ် ခရီးတွေလဲသွားတယ်...ကျေးဇူးပြု၍ ကျမအကြောင်းသတင်းအမှားတွေမပြောကြပါနဲ့ရှင်. ကျေးဇူးတင်ပါတယ်! အားလုံးကိုချစ်ပါတယ်လို့ ဟန်နာက ပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။