ONE ချန်ပီယံရှစ် သိုင်းပေါင်းစုံ ရာပြည့်ပွဲ အပိုင်း(၁) ကို အောက်တိုဘာ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုကျိုမှာ စတင် ကျင်းပနေရာမှာ ဖယ်သာဝိတ်တန်းမှာ မြန်မာပြည်က ဘူရှီဒို ဖိုးသော်က တောင်ကိုရီးယား ပြိုင်ဘက်နဲ့ ကစားခဲ့ပြီး အရှုံးပေးခဲ့ရပါတယ်။

photo credit: phoe thaw 's facebook
photo credit: phoe thaw 's facebook

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ဝမ်းချန်ပီယံရှစ်ရဲ့ စင်ကျူရီ ပြိုင်ပွဲမှာ မြန်မာဖိုက်တာတစ်ယောက်ဖြစ်တဲ့ဖိုးသော်ဟာ တောင်ကိုရီးယားဖိုက်တာဖြစ်တဲ့ ယွန်းချန်းမင်းကို ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်သွားခဲ့တာပါတယ်။ဖိုးသော်ကတော့ အခုလိုရှုံးနိမ့်သွားတဲ့အတွက် ပရိသတ်တွေကိုတောင်းပန်လိုက်ပါတယ်။

photo credit: phoe thaw 's facebook
photo credit: phoe thaw 's facebook

ဖိုးသော်ကတော့ အောင်မြင်တဲ့အထိ ပြန်လည်ကြိုးစားမယ့်အကြောင်း ပရိသတ်တွေကို ပြောထားခဲ့ပါတယ်။ ဖိုးသော်ကတော့ "ကျွန်တော် မှာ ဘာဆင်ခြေမှမရှိပါဘူး။ ကျွန်တော် မလုပ်နိုင်ခဲ့တဲ့ အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အောင်မြင်တဲ့ထိ ဆက်ပြီး ကြိုးစားနေဦးမယ် "ဆိုပြီး ပြောထားခဲ့ပါတယ်။

source: phoe thaw 's facebook 

photo credit: phoe thaw 's facebook
photo credit: phoe thaw 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။