နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဒိန်းဒေါင် ဆေးရုံတက်နေရကြောင်း ယနေ့မနက်ပိုင်းကသိခဲ့ရသလို လက်ရှိအချိန်မှာတော့ သက်သာစပြုနေပြီလို့သိရပါတယ် ၊ စိုးရိမ်ပူပန်ပေးကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ဒိန်းဒေါင် က ပြောပါတယ်။

“ သေလဲဘာမှမဖြစ်ဘူး၄၄နှစ်လူ့လောကမှာနေုပြီးပြီ” လို့ ဒိန်းဒေါင်က ဖေ့ဘွတ်မှာတင်ထားခဲ့ ပါတယ်။သရုပ်ဆောင် ဒိန်းဒေါင်တစ် က မြန်မာနိုင်ငံလူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ဥက္ကဌ ဖြစ်သလို ရုပ်ရှင်နဲ့ ဗီဒီယိုမှာလည်းပရိသတ် ချစ်ခင်အားပေးမှုများစွာရရှိထားသူပါ။

" မနေ့ကညနေလောက်ကဖြစ်တာပါ ၊ကျွန်တော်က သွေးတိုးကလည်းနည်းနည်းရှိတယ် ၊ pressure ကလည်းတအားကျသွားတယ် ၊ မနေ့ကတော့အောက်ဆီဂျင်ပါပေးလိုက်ရတယ် ၊ အသက်ရှုမဝတာပေါ့ ၊ အခုတော့သက်သာသွားပါပြီ ၊ စိတ်ပူပေးကြတဲ့ ပရိတ်သတ်အားလုံးကိုကျေးဇူးတင်ပါတယ်" လို့ ဒိန်းဒေါင်က မဟာမီဒီယာကို ပြောကြားခဲ့ကြောင်းသိရပါတယ်။ဝေဒနာလျော့ပါးသက်သာသွားပြီဆိုပေမယ့်လည်း သက်ဆိုင်ရာဆရာဝန်ရဲ့ ခွင့်ပြုချက်မရသေးတဲ့အတွက် ဆေးရုံဆင်းရမယ့်ရက်ကိုတော့မသိသေးဘူး လို့ ဒိန်းဒေါင် က ထပ်မံပြောပြခဲ့ပါတယ်။

Source: မဟာ မီဒီယာ

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။