ပဏာမ မြန်မာယူ-၂၂ ဂိုးသမား ဘုန်းသစ္စာမင်းဟာ ကာလရှည် အနားယူရနိုင်သည့် ညာဘက်ဒူး ကြက်ခြေခတ် အရွတ်ဒဏ်ရာကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် လွဲချော်ရဖွယ်ရှိနေပါတယ်။ဘုန်းသစ္စာမင်းဟာ ကြာသပတေးနေ့ ညနေပိုင်း လေ့ကျင့်ခန်း အစီအစဉ်တွင် ညာဘက်ဒူးဒဏ်ရာရခဲ့ခြင်းဖြစ်ပါတယ်။

photo credit :MFF' s facebook
photo credit :MFF' s facebook

MFF က အသင်းဆရာဝန်နှင့်အတူ ဂရန်းဟံသာဆေးရုံကြီးတွင် MRI ရိုက် စစ်ဆေးခဲ့ရာ ဒူးကြက်ခြေခတ်အရွတ် ဒဏ်ရာဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်(စနေနေ့)တွင် အဖြေထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ဒဏ်ရာမှာ ခွဲစိတ်ကုသရန်လိုအပ်ပြီး ကာလရှည်အနားယူရနိုင်ဖွယ်ရှိ‌ရာ ဘုန်းသစ္စာမင်း အနေဖြင့် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် လွဲချော်ရဖွယ်ရှိနေပါတယ်။

photo credit :MFF' s facebook
photo credit :MFF' s facebook

ကစားသမား ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ခွဲစိတ်မှုဆိုင်ရာ ကိစ္စရပ်များ‌ကို အလုံးစုံ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။မန်မာယူ-၂၂ ဂိုးသမား ဘုန်းသစ္စာမင်းရဲ့ ဒဏ်ရာပြသနာနဲ့ ပတ်သက်ပြီး မြန်မာဘောလုံးပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်။

source: MFF' s facebook 

photo credit :MFF' s facebook
photo credit :MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။