ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ဒေါ်လာအတု တိုက်ဖျက်ရေးအကြောင်းပဲဖြစ်ပါတယ်....။ အမေရိကန် ပြည်တွင်းစစ်အပြီးတွင် ဒေါ်လာငွေ အတုများ ပေါများလာမှုက အမေရိကန် နိုင်ငံအား ပြဿနာ တစ်ရပ်ဖြစ်စေခဲ့ပါတယ်...။ ထိုစဉ်က အမေရိကန်နိုင်ငံတွင် လှည့်ပတ်သုံးစွဲနေသော ဒေါ်လာငွေများ၏ သုံးပုံ တစ်ပုံခန့်သည် အတုများဖြစ်နေသည် ဟု အာဏာပိုင်များက ယူဆခဲ့ကြသည့်အတွက် အမေရိကန် ဗဟိုအစိုးရအား ဥပဒေ တစ်ရပ်ပြဋ္ဌာန်းရန် တွန်းအားပေးခဲ့သကဲ့သို့ ဖြစ်ခဲ့ရပါတယ်...။

photo credit pngtree

ထို့ကြောင့် ၁၈၆၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေး လှိုက်မစားမှု မဖြစ်ပေါ်စေရေး အတွက် ဒေါ်လာငွေ အတုများကို နှိမ်နှင်းရန် ဘဏ္ဍာရေးဝန်ကြီးဌာနက အထူး အဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်...။ ယင်းအဖွဲ့သည် ယနေ့တိုင် ဒေါ်လာငွေ အတု တိုက်ဖျက်ရေးလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်...။ ယင်းအဖွဲ့ကို အနက် ရောင် ဝတ်စုံဝတ် အေးဂျင့်များဟု သိထားကြပါတယ်...။ အမေရိကန် နိုင်ငံ၏ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုလည်းဖြစ်ပြီး အမေရိကန် သမ္မတ အပါအဝင် ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်များ၏ လုံခြုံရေးကိုပါ တာဝန်ယူရပါတယ်...။

photo credit pngtree

ထိုအဖွဲ့ကို အမေရိကန် သမ္မတ အေဗရာ ဟင်လင်ကွန်းက ၁၈၆၅ ခုနှစ် ဧပြီ လ ၁၄ ရက်တွင် တရားဝင် ဖွဲ့စည်းပေးခဲ့ပါတယ်...။ ထိုနေ့မှာပင် အေဗရာ ဟင်လင်ကွန်း သည် ဖို့ဒ် ကဇာတ်ရုံတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်...။ ငွေကြေးအတုများ တိုက်ဖျက်ရန် မူလက ဖွဲ့စည်းခဲ့သော ထိုအဖွဲ့ကိုပင် ၁၉၀၁ ခုနှစ်တွင်သမ္မတ ဝီလျံမက္ကင်လေး လုပ်ကြံ ခံရ အပြီးတွင် သမ္မတ လုံခြုံရေး အချိန်ပြည့်တပ်ဖွဲ့ အဖြစ် တိုးချဲ့ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင်ဝန်ထမ်းအင်အား ၆၅၀၀ ဖြင့် အမိမြေ လုံခြုံရေး ဌာနအဖြစ် အသစ်ဖွဲ့စည်းခဲ့ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။