ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ "Wall of Troy" အမည်ရှိတဲ့ ထရွိုင်မြို့ရိုး အကြောင်းပဲဖြစ်ပါတယ်...။ တံတိုင်းများကို မိမိတို့ပိုင်နက် နယ်မြေ၊ နယ်နိမိတ်များ သတ်မှတ်နိုင်ရန်၊ ရန်သူများ မဝင်ရောက်နိုင်ရန်နှင့် ဒေသနေပြည်သူများ လုံခြုံစွာ နေထိုင်နိုင်ဖို့ကို ရည်ရွယ်ပြီး ကမ္ဘာ့ နေရာ အနှံ့အပြားတွင် ဆောက်လုပ်ခဲ့ကြပါတယ်...။ မည်သည့်ရည်ရွယ်ချက်များဖြင့် တံတိုင်းများကို တည်ဆောက်ခဲ့ကြသည်ဖြစ်စေ ယခုအချိန်တွင် ကမ္ဘာနေရာဒေသ အသီးသီးတွင် ရှိနေသည့် တံတိုင်းများသည် လှပသော လက်ရာ ရှုခင်းများအဖြစ် ရပ်တည်လျက်ရှိကြပါတယ်...။

photo credit pngtree

ထရွိုင်သည် ဂရိဒဏ္ဍာရီများထဲမှ မြို့တော် တစ်ခု၏ အမည်ဖြစ်ပါတယ်...။ ဟိုးမား၏ ကမ္ဘာ့ဂန္ထဝင် အီလီယက် ကဗျာ ကြောင့် နာမည်ကျော်ခဲ့သည့် ထရိုင် မြို့ရိုးသည် တူရကီနိုင်ငံ အနောက်မြောက်ပိုင်း တွင် တည်ရှိနေပါတယ်...။ နာမည်ကျော် ထရွိုင်စစ်ပွဲဖြစ်ပွားခဲ့သည့်နေရာလည်းဖြစ်ပြီး ရှေးဟောင်းသုတေသန တူးဖော်မှုများအရ ထရွိုင်တွင် မြေလွှာ အထပ် များကို များစွာ တွေ့ရသည့်အနက် မြေလွှာ အမှတ် (VII a) နေရာသည်ထရွိုင် မြို့ဟောင်းနေရာဖြစ်နိုင် ကြောင်း နှင့် ထရွိုင် မြို့ စည်ပင် ထွန်းကားခဲ့ချိန်သည် ၁၃ ရာစု နှောင်းပိုင်း အလယ်ကာလ တွင်ဖြစ်မည်ဟု ပညာရှင်များက တွက်ချက် ခဲ့ကြပါတယ်...။

photo credit pngtree

ထရွိုင် မြို့ဟောင်းမှ မြို့ရိုး အစိတ်အပိုင်းများကို ယနေ့တိုင်မြင်တွေ့နိုင်ကြပါတယ်...။ ထရွိုင်တံတိုင်းရှိရာနေရာသို့ ကမ္ဘာလှည့် ခရီးသည်များ အများ အပြားလာရောက်ကြည့်ရှုလေ့ရှိကြပါတယ်...။ တံတိုင်းအနီးတွင် ဖောက်လုပ်ထားသည့် ကလေးကစားကွင်းအတွင်းတွင် ထရွိုင်စစ်ပွဲအတွင်း အသုံး ပြုခဲ့သည့် ကြီးမားသော သစ်သားမြင်းရုပ်ကြီးပုံစံတူ တစ်ခုကို ပြသထားပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။