ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ တရားဝင်ခရီးရောက်ရှိနေသော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဗြိတိန်နိုင်ငံကာကွယ်ရေး ဝန်ကြီးနှင့်တွေ့ဆုံပြီး လန်ဒန် မြို့တော်မှချီးမြှင့်သည့် Honorary Freedom of The City of London ဆုလက်ခံရယူခဲ့ကြောင်းသိရှိရသည်။

Honorary Freedom of The City Of London ဆုမှာ လန်ဒန်မြို့တော်မှ ပေးအပ်သည့် အဆင့်အမြင့်ဆုံးဆု ဖြစ်ပြီး နိုင်ငံတကာမှ အထင်ကရ ပုဂ္ဂိုလ်များအား ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်သည့် ဆုဖြစ်သည်။

ဗြိိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ တောင်အာဖရိကသမ္မတ

နိုင်ငံ သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ ကမ္ဘာကျော်သိပ္ပံ ပညာရှင် ပါမောက္ခစတီဗင်ဟော့ကင်း

နှင့် ဗြိတိန်နိုင်ငံဝေလမင်းသမီး ဒိုင်ယာနာတို့ကိုအဆိုပါဆုကိုဂုဏ်ပြု ပေးအပ်ချီးမြှင့်ခဲ့ဖူးကြောင်း သိရသည်။

Source: ကျော်စွာမြင့်ဖေ့ဘွတ်

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။