၂၀၁၉ အတွက် လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုနှစ်တွင် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျင် ဒေသရှစ်ခုတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးှနှင့် ရခိုင်ပြည်နယ်တို့တွင်သာ ကျင်းပရန် ကျန်ရှိတော့ပါတယ်။

PHOTO CREDIT :MNL 's facebook

MPT U-14 Football Tournament 2019 လူငယ်ဘောလုံးပြိုင်ပွဲများနှင့် MPT လူငယ်ဘောလုံးပွဲတော်များကို အရှိန်အဟုန်အားကောင်းစွာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အောင်မြင်စွာ ကျင်းပပေးလျက်ရှိပါတယ်။ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တော်တွင် ကျင်းပသွားမည့် လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၆ ရက်မှ ၂၆ ရက်အထိ ကျောက်တိုင်ကွင်း၌ ကျင်းပသွားမည်ဖြစ်ပါတယ်။

PHOTO CREDIT :MNL 's facebook
PHOTO CREDIT :MNL 's facebook

ထို့ကြောင့် အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပသွားမည့် MPT လူငယ်ဘောလုံးပွဲတော်အတွက် လူငယ်ဘောလုံးနည်းပြသင်တန်းကို ယနေ့ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားရုံ၌ ဖွင့်လှစ်ပေးခဲ့ရာ သင်တန်းသား/သူ ၅၀ ဦးတက်ရောက်လျက်ရှိသည်။ ၎င်းတို့အနေဖြင့် လာမယ့် လူငယ်ဘောလုံးပွဲတော်တွင် ကလေးငယ်များနှင့်အတူ ပျော်ရွှင်စွာ ဘောလုံးကစားခြင်း၊ ဘောလုံးအခြေခံနည်းစနစ်များအား သင်ကြားပြသပေးခြင်းတို့ ပြုလုပ်ပေးသွားရမည်ဖြစ်ပါတယ်။

source: MNL 

PHOTO CREDIT :MNL 's facebook
PHOTO CREDIT :MNL 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။