၅.၈ လက်မ အရွယ်အစားရှိGalaxy S8 နှင့် ၆.၂ လက်မ အရွယ်အစားရှိ Galaxy S8+ တို့တွင် အဆုံးအစမဲ့သော Infinity မျက်နှာပြင် နှင့် ဘေးဘောင်ဖျောက်ထားသောဒီဇိုင်းပုံစံပါ။

ဒီဇိုင်းကြောင့် ခလုတ် နှင့် ကြမ်းတမ်းသော ထောင့်များ မပါဝင်တော့ဘဲ ချောမွေ့၍ အဆုံးအစမဲ့သောမျက်နှာပြင်ကို ခံစားသုံးစွဲနိုင်မည်ဖြစ််သည်။ ကျစ်လျစ်သည့်ဒီဇိုင်းကြောင့် ဖုန်းကိုလက်တစ်ဖက်တည်းဖြင့် အဆင်ပြေစွာကိုင်တွယ်နိုင်မည်ဖြစ်ပြီး Corning® Gorilla® Glass 5 အား ဖုန်း၏ ရှေ့နောက်မျက်နှာပြင် နှစ်ဘက်စလုံးတွင် အသုံးပြုထားသည်။အထက်ပါ နည်းပညာကြောင့်ဒီစမတ်ဖုန်းက အကြမ်းခံ၍ အရည်အသွေးမြင့်မားသည်။ 

Galaxy S8 နှင့် S8+ တို့အား မေလ ၁၂ ရက်၊ ၂၀၁၇ မှစတင်၍ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် စတင်ဝယ်ယူရရှိနိုင်မည််ဖြစ်ပြီး အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold) နှင့် မီးခိုးရောင် (Orchid Gray) အစရှိသည်ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် Samsung Galaxy S8 စမတ်ဖုန်းများအား မြန်မာကျပ်ငွေ ၁,၀၆၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း Galaxy S8+ စမတ်ဖုန်းများအား မြန်မာကျပ်ငွေ ၁,၁၉၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း မိမိနှစ်သက်ရာကိုဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Source: Samsung Myanmar

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။