ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်းကျင်းပသည့် အထက်မြန်မာပြည် MPT-University Football Tournament 2019 (ဇုန်အလိုက်) အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက မန္တလေးမြိရှိ့၊ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပါတယ်။

photo credit: MNL ' s facebook
photo credit: MNL ' s facebook

အခမ်းအနားဖွင့်လှစ်ပြီးနောက် မြစ်ကြီးနားဇုန်အမျိုးသားအသင်းနှင့် မုံရွာဇုန်အမျိုးသားအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ဒုတိယအကြိမ် အထက်မြန်မာပြည် MPT University Football Tournament 2019 ဇုန်အလိုက်(အမျိုးသား/အမျိုးသမီး)ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်မှ ၂၃ ရက်အထိ မန္တလာသီရိကွင်းနှင့် မန္တလေးတက္ကသိုလ်ဘောလုံးကွင်းတို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။

photo credit: MNL ' s facebook
photo credit: MNL ' s facebook

ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲ၌ တောင်ကြီး၊ မကွေး၊ မန္တလေး၊ မြစ်ကြီးနား၊ မုံရွာ၊ နေပြည်တော်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အမျိုးသမီးပြိုင်ပွဲ၌ မန္တလေး၊မြစ်ကြီးနား၊ မုံရွာ၊တောင်ကြီးနှင့် မကွေးအသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။ယင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းမှာ အမျိုးသားပြိုင်ပွဲတွင် မန္တလေးဇုန်အသင်းဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲတွင် မုံရွာဇုန်အသင်းဖြစ်ပါတယ်။

source: MNL ' s facebook 

photo credit: MNL ' s facebook
photo credit: MNL ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။