ပရိသတ်ကြီးကို ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ "Hadrian's Wall" ဟဒ်ရီယန် တံတိုင်းအကြောင်းပဲဖြစ်ပါတယ်...။ လူသားတို့သည် တံတိုင်းများကို ရှေးခေတ်ကတည်းက မိမိတို့ပိုက်နက် နယ်မြေကို နယ်နိမိတ်များ သတ်မှတ်နိုင်ရန်၊ ရန်သူများမဝင်ရောက်နိုင်ရန်နှင့် ဒေသနေပြည်သူများ လုံခြုံစွာ နေထိုင်နိုင်ရန်တို့ကို ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့ကြပါတယ်..။ ခေတ်မီတိုးတက်လာသော ကာလများတွင်မူ တံတိုင်းအသစ်များကို အထိမ်းအမှတ် လက္ခဏာများ၊ အနုပညာလက်ရာများ အဖြစ် တည်ဆောက်လာခဲ့ကြတာဖြစ်ပါတယ်...။ ကြီးကျယ်ခမ်းနားပြီး ကမ္ဘာအနှံ့က လူများစိတ်ဝင်စားသော တံတိုင်းများထဲတွင် ဟဒ်ရီယန် တံတိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်...။

photo credti pngtree

ဟဒ်ရီယန် တံတိုင်းကိုရောမတို့က ယင်းတို့၏ ကိုလိုနီ နယ်ဖြစ်သည့် ဗြိတိန်ဒေသ စကော့တလန် နိုင်ငံမှ မျိုး နွယ် စုများ၏ အန္တရာယ်မှ ကာကွယ်ရန် ဆောက်လုပ်ခဲ့ကြပါတယ်...။ ဟဒ်ရီယန် တံတိုင်း သည် အင်္ဂလန် နိုင်ငံ မြောက်ပိုင်းကို ဖြတ်သန်းလျက် အိုင်းရစ်စ် ပင်လယ်မှ မြောက်ပိုင်းပင်လယ်အထိ ၁၁၇ ကီလိုမီတာ(၇၃ မိုင်)ရှည် လျားပါတယ်...။ တံတိုင်းကြီး ကို ထိုဒေသသို့ ရောမအင်ပါယာ ဟဒ်ရီယန် လာရောက်လည်ပတ်ပြီး အေဒီ ၁၂၂ ခုတွင် စတင်ဆောက်လုပ်ခဲ့ကာ ၆ နှစ် အတွင်းပြီးစီးခဲ့ပါတယ်...။

photo credti pngtree

တံတိုင်းကြီးပြီးစီးချိန်တွင် ခြေလျင်နှင့် သံချပ်ကာ တပ်သားပေါင်း ၉၀၀၀ ကျော်ကို တာဝန်ချထားခဲ့ ပါတယ်...။ သမိုင်းဝင် အဆိုပါ တံတိုင်းကြီး၏ ဆက်ပိုင်းများသည် ယနေ့တိုင် ထင်ရှားစွာရှိနေဆဲဖြစ်သဖြင့်ကမ္ဘာ့ နေရာဒေသ အသီးသီးမှ ခရီး သည်များ စိတ်ဝင်တစားလာရောက် လည်ပတ်ကြည့်ရှုရာ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်...။ ဥရောပ တိုက်အတွင်းရှိ တံတိုင်းများအနက် အရှည်ဆုံးတံတိုင်းလည်း ဖြစ်ပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

photo credti pngtree

photo credti pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။