အနုပညာမောင်နှံတွေကြားမှာဆိုရင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ချစ်ကြပုံများ အားကျစရာပါလား…

ဘယ်လောက်တောင် ချစ်ခင်ကြင်နာကြလဲဆိုတာကတော့ ပရိသတ်တွေကတော့ အားကျမိပါရဲ့(Admin တောင် အားကျမိတယ်)

ပြေတီဦး က မိသားစုအတွက် အလုပ်တွေလည်း ကြိုးစားကြောင်း၊အဖွဲ့သားတွေကိုလည်း စိတ်ချမ်းသာအောင်ထားကြောင်း၊မိန်းမကိုလည်း သတိရနေကြောင်းကို ပေါ်လွင်စွာ ပြောကြားခဲ့ပါတယ်။

တစ်ခုသောရုပ်ရှင်ရိုက်ကွင်းမစခင်မှာပဲ ပြေတီဦးက အနုပညာမောင်နှမတွေနဲ့ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် စကြနောက်ကြ၊စားကြသောက်ကြ ပုံရိပ်တွေကို ချစ်ပရိသတ်ကြီးအတွက် ဖေ့ဘွတ် ကနေ live တင်ဆက်နေချိန်မှာပဲ အိန္ဒြာကျော်ဇင် ကိုယ်တိုင်သူ့ဖေ့ဘွတ်အကောင့်ကနေတစ်ဆင့်

“ ဖေဖေတီရေ..ပျော်လဲပျော်..အလုပ်ကလေးလဲလုပ်ဦးနော်..(ဟီး..ကိုယ်မပါရလို ့ ?)” ဆိုပြီး ဝင်ရောက် Comment ရေးထားပါတယ်။

အဆိုပါ Comment အောက်မှာတော့ ပရိသတ်အချို့က ဝင်ရောက်Comment ပေးနေချိန်မှာပဲပြေတီဦးကိုယ်တိုင်က

“ စိတ်မကောင်းပါဘူးမိန်းမရယ်.. ဟဲ..ဟဲ...အစားတွေက အရမ်းစားလို့ကောင်းတော့ အားလုံးကသတိရနေကြပါတယ်.. ဖေဖေတီက မိသားစုအတွက် အလုပ်တွေလည်း ကြိုးစားပါတယ်.. အဖွဲ့သားတွေကိုလည်း စိတ်ချမ်းသာအောင်ထားပါတယ်.. မိန်းမကိုလည်း သတိရနေပါတယ်.. ကလေးတွေကိုသေချာစောင့်ရှောက်နော်.. ဟီး..ဟီး..Eaindra Eaindra” ဆိုပြီးချစ်ခင်ကျီစယ်ကာပြန်လည် Comment ပေးထားတာကိုတွေ့ရပါတယ်။ 

နောက်တစ်ခေါက်မှာတော့ “သြော်.ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်လို ့..(မိန်းမကရှမ်းခေါက်ဆွဲကြိုက်မှန်းသိလို ့ရှမ်းခေါက်ဆွဲတွေစား)စားပြရင်းသတိရတာကိုလဲကျေးဇူးတင်ပါတယ်လို ့..မိသားစုတွက်(လို ့ပြောပြောပြီး)အလုပ်တွေကြိုးစားလို ့လဲကျေးဇူးတင်ပါတယ်လို ့...အဖွဲ ့သားတွေ(လို ့ခေါင်းစဉ်တပ်ပြီး ကိုယ်ကိုယ်တိုင်ပါဝင်ပျော်ပါးပြီး) စိတ်ချမ်းသာအောင်ထားတဲ့အတွက်လဲကျေးဇူးတင်ပါတယ်လို ့..မိန်းမကိုသတိရတယ်(လို ့ပြောတာပဲ)တဲ့တွက်လဲမတရားကျေးဇူးတင်ပါတယ်လို ့..ကလေးတွေကိုလဲသေချာစောင့်ရှောက်ရလို ့(ဉာဏ်ရည်တွေလဲတော်တော်တက်လာတဲ့အတွက်)ကျေးဇူးတင်ပါတယ်လို ့..(ကလေးထိန်းတာကဦးနှောက်သုံးရတယ်လေ)ဖေဖေတီရဲ ့...ဌဲ.. ဌဲ.. ဌဲ..Pyay Ti Oo??” လို့ အိန္ဒြာကျော်ဇင် Reply ပြန်ထားပါတယ်။

ကဲပရိသတ်ကြီးရေ…အားမကျဘူးလား…

Source: ပြေတီဦး ဖေ့ဘွတ်

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။