ပရိသတ်တွေရဲ့ အချစ်တော်လေး ထိပ်ထားသခင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားတဲ့ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး အနုပညာရှင်လေးပဲ ဖြစ်ပါတယ်နော်..။

ကလေးသရုပ်ဆောင်လေးအဖြစ် ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေအပြင် ၀၀ကစ်ကစ်ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းသလို အရွယ်လေးနဲ့ မလိုက်အောင် လည်လွန်းတတ်လွန်းတာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါနော်..။

Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်

ထိပ်ထားလေးကတော့ သီတင်းကျွတ်လေးမှာ ချစ်ခင်လေးစားရတဲ့ အနုပညာရှင်တွေကို အိမ်တိုင်ရာရောက် သွားရောက်ဂါဝရပြု ကန်တော့ခဧ့ပါတယ်နော်..။

ခန့်စည်သူကို သွားရောက်ကန်တော့ခဲ့ပြီး နီနီခင်ဇော်ရဲ့ မိခင်ဖြစ်သူကို နီနီနဲ့အတူ နှစ်ယောက် ဂါဝရပြု ကန်တော့ခဲ့တာဖြစ်ပြီး ကြည်နူးပီတိဖြစ်စရာပုံရိပ်လေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းနေပါတယ်နော်..။

Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်

ကြည်နူးပီတိဖြစ်စရာပုံရိပ်လေးတွေကိုလည်း ထိပ်ထားလေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး ပရိသတ်တွေကလည်း ချစ်စရာကောင်းလွန်းတဲ့ ထိပ်ထားလေးကို ချီးကျူးစကားကာ သဘောကျနေကြပါတယ်နော်..။

"ဒီနေ့ ဦးဦးခန့် ကိုသွားကန်တော့ခဲ့ပါတယ်

ဖွားဖွား(မမနီနီရဲ့မေမေ)ကိုလည်း မမနီနီနဲ့အတူကန်တော့ခဲ့ပါတယ်

မုန့်ဖိုးတွေလည်းအများကြီးရလိုက်လို့အရမ်းကိုပျော်နေပါတယ်

နောက်နေ့တွေမှာလည်း ထိပ်ထားရဲ့ လေးစားချစ်ခင်ရသူတွေကိုထပ်ပြီးသွားကန်တော့ပါဦးမယ်.." ဆိုပြီး ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာပါ..။

Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်
Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်

Photo Credit - ထိပ်ထားသခင် ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။